ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)
♪ သင့်ရဲ့ WiFiကိုခိုးသုံးနေသူများကိုရှာဖွေ စစ်ဆေးနည်း ♫
♪ Anti Spy Mobile PRO v1.9.9.4 APK ♫
♪ ဓါတ်ပုံကိုခဲခြစ်ပန်းချီ အဖြစ်ဖန်တီးပေးမယ့် - XnSketch Pro v1.43 APK (8-Aug) ♫
ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်
No Need Messenger App for Android
♪ Mobile Guide Issue Vol-2 ၊ Issue-165 (11.8.14) ♫
C8816,C8816D Unlock Bootloader,Auto Root,Auto Myanmar Font
♪ ဖုန်းတစ်ခုလုံးကို ရွှေအိုရောင်များနဲ့လွမ်းခြုံအလှဆင်နိုင်မယ့် - Luxurious Gold CM11 AOKP Theme v3.3 APK ♫
computer ရှိသူတိုင်းဆောင်ထားသင့် တဲ့ advance system care pro 7.0.3
ဝယ်ရတဲ့ Viber Sticker တွေကိုအခမဲ့ရယူချင်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက်
Sony Xperia အမြင့် ဖုန်းတော်တော် များများကို Root ပေးနိုင်တဲ့ Easy Root Tool
မိုဘိုင်းဖုန်း အသုံးအနှုန်း (၂)
မိုဘိုင်းဖုန်း အသုံးအနှုန်း (၁)
♪ Sound Effect ပေါင်းများစွာပါဝင်တဲ့ - Equalizer mp3 Player Volume IAP Unlocked v1.0.1 APK ♫
♪ သင့်ရဲ့ WiFiကိုခိုးသုံးနေသူများကိုရှာဖွေ စစ်ဆေးနည်း ♫
Posted: 11 Aug 2014 09:49 AM PDT
တစ်ခါတစ်လေမှာWiFi Password ဟာသင့်ရဲ့ အင်တာနက် ကွန်နက်ရှင်ကိုအခြားသူများခိုးယူသုံးစွဲခြင်းမှ အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ ၀က်ဆိုက်များ၊ ဗီဒီယိုများကြည့်တဲ့အခါနဲ့ ဖိုင်ပေးပို့ရယူ မှုများ ပြုလုပ်တဲ့အခါမှာအရင်လို မြန်ဆန်ခြင်းမရှိတော့ဘဲ နှေးကွေးလာရင်တော့ သင့်ရဲ့ WiFiကိုအခြား သူများကခိုးယူသုံးစွဲနေတာ ဖြစ်နိုင်ပါတယ်။ သင့် WiFiကို အခြားသူများခိုးယူသုံးစွဲနေသလားဆိုတာကို သိနိုင်ဖို့ နည်းလမ်းများရှိပါတယ်။
App ကိုအသုံးပြုနည်း
------------------------
အဆင့် ၁
Who Is On My WiFiကိုအောက်ဆုံးမှာရှိတဲ့ လင့်ကနေဒေါင်းလုပ်ရယူပြီးသင့်ကွန်ပြူတာမှာ Installလုပ်ပါ။
အဆင့် ၂
App ကိုဖွင့်ပြီးရင် Tutorial ကို ပြသပေးမှာ ဖြစ်ပြီး Network ကို Scan လုပ်ပေးပါလိမ့်မယ်။
Scan လုပ်မယ့် Port Range ကိုသတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Settings တွေကို ပြုပြင်စရာမလိုဘဲ WiFi ခိုးသုံးနေသူတွေကိုရှာဖွေနိုင်ပါတယ်။ Scan လုပ်ပြီးရင် IP Address တွေကို App က ပြသပေးပါလိမ့်မယ်။ Network မှာချိတ်ဆက်နေတဲ့ Device တစ်ခုချင်းစီကို MAC Address နဲ့ IP Address များနဲ့ ခွဲခြားပြသထား တာပါ။
အဆင့် ၃
ဒီအဆင့်မှာတော့ သင်မသိတဲ့ Device တွေကိုရှာဖွေ စစ်ဆေးရမှာပါ။
အပေါ်ကပုံမှာလို Device များစွာချိတ်ဆက်နေတယ်ဆိုရင် သင့်ရဲ့ Device တွေကိုလွယ်ကူစွာခွဲခြားသိနိုင်ဖို့ နာမည်သတ်မှတ်ပေးရမှာပါ။ အလွယ်ဆုံးနည်းလမ်းကသင့်ရဲ့ Device အားလုံးကိုWiFiပိတ်ပါ။ ပြီးမှ တစ်ခုချင်းစီကိုWiFiဖွင့်ပြီး Network နဲ့ ချိတ်ဆက်ပါ။ သင့်ရဲ့ Device ကို App မှာ ပြသရင် Description Box မှာကလစ်တစ်ချက်နှိပ်ပြီးနာမည်ကိုရိုက်ထည့်ပေးပါ။ Known/Unknown ကဏ္ဍမှာ Known အဖြစ် သတ်မှတ်ပြီးညာဘက်အပေါ်ထောင့်မှ Save Changesခလုတ်ကို နှိပ်ပါ။ သင့် Device တွေရဲ့ IP နဲ့ MAC Address တွေကိုရှာတတ်တဲ့သူဆိုရင်လည်းအဲဒီ Address တွေကို ကြည့်ခြင်းဖြင့် Device တွေကိုနာမည် တပ်နိုင်ပါတယ်။ ဥပမာအားဖြင့် Android Device မှာချိတ်ဆက်နေတဲ့ WiFi Network ကို နှိပ်ခြင်းဖြင့် IP Address ကိုသိနိုင်ပါတယ်။
အဆင့် ၎
သင့်ရဲ့ Device တွေကိုနာမည်ပေးပြီးရင်တော့ WiFiခိုးသုံးနေသူတွေကို App မှာထင်ရှားစွာ မြင်တွေ့နိုင်ပါပြီ။ App ရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Block ကဏ္ဍမှ Checkbox မှာအမှန်ခြစ်ပေးပြီးခိုးသုံးသူတွေရဲ့ Device တွေကို Block လုပ်နိုင်ပါတယ်။ ခိုးသုံးသူတွေကသင့်ရဲ့ WiFi Password ကိုသိပြီး ဖြစ်တဲ့ အတွက် သူတို့ရဲ့ အခြား Device တွေကနေသင့်ရဲ့ WiFiကိုခိုးသုံးနိုင်ပါသေးတယ်။ အဲဒီအတွက် သင့်ရဲ့ WiFi Password ကိုပြောင်းလဲမှသာလုံခြုံစိတ်ချရမှာပါ။
Router ကိုအသုံးပြုနည်း
----------------------------
ဒီနည်းလမ်းကသင့်ရဲ့ Network မှာချိတ်ဆက်နေတဲ့ Device အားလုံးကိုရာနှုန်းပြည့် သိရှိနိုင်ပါတယ်။ ဒါပေမယ့် Router တိုင်းမှာအဲဒီသတင်းအချက်အလက်တွေ မပါရှိပါဘူး။ Router ရဲ့ IP Address ကိုဘရောက်စာရဲ့ Address Bar မှာရိုက်ထည့်ပြီး Log In ၀င်ပါ။ များသောအားဖြင့်တော့ http://192.168.0.1 သို့မဟုတ် http://192.168.1.1တို့ ဖြစ်ပါတယ်။ Router မှာလည်းလိပ်စာကို Username, Password များနဲ့ အတူရေးထားတတ်ပါတယ်။
Log In ၀င်ပြီးရင် Attached Devices သို့မဟုတ် Device List လိုကဏ္ဍကိုရှာဖွေပါ။ အဲဒီကဏ္ဍမှာ ချိတ်ဆက်နေတဲ့ Device တွေကို IP Address တွေနဲ့ ခွဲခြား ပြသပေးထားပါတယ်။ အပေါ်ကနည်းလမ်း မှာဖော်ပြထားသလိုပဲသင့် Device တွေရဲ့ IP Address တွေကို ရှာဖွေပြီးနာမည်များ သတ်မှတ်ပေးမှသာ ခိုးသုံးနေသူရဲ့ Device တွေကိုခွဲခြားနိုင်မှာပါ။
သင့်ရဲ့ WiFiကိုလုံခြုံစေဖို့
---------------------------
WEP ဟာသင့် Network ရဲ့ လုံခြုံရေးအတွက် စိတ်မချရပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ထုတ်လုပ်တဲ့ Router တွေမှာပိုမိုလုံခြုံတဲ့ စနစ်ပါရှိလာပါတယ်။ သင့်ရဲ့ Router ကို Log In ၀င်ပြီးရင် Wireless Settings ကဏ္ဍကိုရှာပါ။ Security Options မှာ WPA သို့မဟုတ် WPA 2 ကိုပြောင်းလဲသုံးပါ။ အချို့ Device တွေဟာ WPA 2 နဲ့ အလုပ်မလုပ်တဲ့အတွက် နှစ်ခုစလုံးကိုအသုံးပြုနိုင်တဲ့ Option ကိုရွေးချယ်နိုင်ပါတယ်။ နောက်ပြီးWiFi Password ရွေးချယ်တဲ့အခါမှာလည်း Lower, Upper Case Letters, Numbers, Special Character တွေပါတဲ့ အက္ခရာအနည်းဆုံး ၁၅ လုံးလောက် သတ်မှတ်သင့်ပါတယ်။
WiFi Password ကိုဖောက်ထွင်းခိုးယူနိုင်တဲ့ နည်းလမ်းတွေ၊ ဆော့ဝဲတွေများစွာ ရှိနေတယ်ဆိုတာကို လူတော်တော်များများ ကမသိကြပါဘူး။ အဲဒီအတွက် သတိချပ်သင့်ကြောင်း ဒီဆောင်းပါးကနေတင်ပြ လိုက်ပါတယ်။
Myanmar Digital Life Journal
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
♪ Anti Spy Mobile PRO v1.9.9.4 APK ♫
Posted: 11 Aug 2014 09:37 AM PDT
မိမိဖုန်းထဲတွင် Virus များရဲ့ အန္တရယ်မှ ကာကွယ်ပေးနိုင်ရန်နဲ့ မိမိဖုန်းထဲရှိ အချက်အလက်များကိုလုံခြုံစိတ် ချစေရန်အတွက် Anti Spy Mobile PRO v1.9.9.4 နောက်ဆုံးထွက် Version လေးကိုတင်ပေးလိုက်ပါ တယ်ဗျာ။ အခုခေတ်အခြေအနေအရ ဖုန်းတိုင်းလိုလို အင်တာနက်ချိတ်ဆက်ပြီးအသုံးပြုနေသည့်အတွက် Virus ၀င်ရန် % ပိုများပါတယ်။ Application , Mail , Message , Photo , Music , Video များမှတဆင့် Virus များ Spyware များ ပါလာတက်ပါတယ်။ အခုတင်ပေးလိုက်တဲ့ Anti Spy Mobile PRO ကို Install လုပ်ထားခြင်းအားဖြင့် မိမိရဲ့ဖုန်းထဲသို့ Virus များမ၀င်နိုင်အောင် ကာကွယ်ပေးထားမှာဖြစ်ပါတယ်။ Android OS 2.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
♪ ဓါတ်ပုံကိုခဲခြစ်ပန်းချီ အဖြစ်ဖန်တီးပေးမယ့် - XnSketch Pro v1.43 APK (8-Aug) ♫
Posted: 11 Aug 2014 04:46 AM PDT
ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီ ပြောင်းချင်သူများအတွက် XnSketch Pro v1.43 APK နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးနဲ့ ခဲခြစ်ပန်းချီ ဖန်တီးမယ်ဆိုရင် အပြင်မှာဆွဲတဲ့ ခဲခြစ်ပန်းချီ အတိုင်းကို တော်တော်လေးကိုတူပါတယ်ဗျာ။ အဖြူအမည်းနဲ့ ခဲခြစ်ပန်းချီ ဖန်တီးနိုင်သလိုဘဲ ၊ မိမိနှစ်သက် တဲ့အရောင်နဲ့ ခဲခြစ်ပန်းချီ ဖန်တီးနိုင်ပါတယ်။ မိမိရဲ့စိတ်ကူးနဲ့ ဖန်တီးမှုအားကောင်းမယ်ဆိုရင်တော့ အတော်လေးကောင်းတဲ့ပန်းချီတစ်ချက် ထွက်လာမှာပါ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေကို ပြ ထားပေးပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အောက်ကပုံက ကျွန်တော်ကလိထားတဲ့ ကျွန်တော့်ရဲ့ Graffiti ပေါ့ဗျာ။ ဟားဟားဟားဟားဟား
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်
Posted: 11 Aug 2014 03:57 AM PDT
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/08/blog-post_81.html
Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။
"ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်" ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။
Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Sim ကတ်ဒ်များမှ မိုဘိုင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည် တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
"MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည် ဖော်သွားမှာပါ" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။
Telenor မှ ရောင်းချမည့် Sim ကတ်ဒ်များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃ဝ) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။
Messenger
No Need Messenger App for Android
Posted: 11 Aug 2014 03:45 AM PDT
Android
တေအတွက် Messenger သုံးနေရလို့ လေးနေပါတယ် မသုံးချင်လို့ version
အောက်ပြန်ဆင်းနေရပါတယ် ဆိုတဲ့သူတေအတွက် tweak apk လေး တခု ဖန်တီး လိုက်တာပါ
install လုပ်ထားယုံပါပဲ open မပါပါဘူး done လုပ်ပီးတာနဲ့ Messenger
မလိုပဲ facebook apk မှာ chat လို့ရပါပီ version ပြောင်းစရာလည်း မလိုပါ
တကယ်က မထူးဆန်းတဲ့ apk လေးပါ စဉ်းစားမိတာတခုပါပဲ မရှင်းပြနေတော့ပါဘူး install မလုပ်ခင် messenger ကို ဖြုတ်ထားပါ
https://www.dropbox.com/s/qviric5lfalsayg/No%20need%20nessenger.apk
Credit - Htoo Phyoe
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++
internet marketing
++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
♪ Mobile Guide Issue Vol-2 ၊ Issue-165 (11.8.14) ♫
Posted: 11 Aug 2014 02:25 AM PDT
Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီးဒေါင်းလုပ်လင့်ကို တင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (165) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 11-Aug ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေဗျာ။
Credit to ==> https://www.facebook.com/Mobile.Guide.Journal
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
C8816,C8816D Unlock Bootloader,Auto Root,Auto Myanmar Font
Posted: 11 Aug 2014 01:04 AM PDT
C8816,C8816D တွေကို တစ်ခါထဲ မြန်မာဖောင့်,UnlockBootloader,Root Access
အစရှိတာတွေကိုတစ်ခါထဲထည့်ပေးသွားမှာပါ။ Tool ထဲမှာ Instruction အပြည့်အစုံ
မြန်မာလိုရေးပေးထားပါတယ်။
အရင် Version 1.0 မှာ Tool Instruction မှာ မြန်မာလို မပေါ်တာကော
Window Username မှာ Space ပါနေရင်မရတာကိုကော ပြင်ဆင်ပေးထားပါတယ်
ဒီ Tool ကို ဒီမှာ ဒေါင်းပါ။
Credit MMSD
♪ ဖုန်းတစ်ခုလုံးကို ရွှေအိုရောင်များနဲ့လွမ်းခြုံအလှဆင်နိုင်မယ့် - Luxurious Gold CM11 AOKP Theme v3.3 APK ♫
Posted: 10 Aug 2014 09:50 PM PDT
အခုတင်ပေးလိုက်တဲ့ Luxurious Gold CM11 AOKP Theme v3.3 ဆိုတဲ့ ရွှေအိုရောင် Theme လေးကိုတော့ ပုံမှာကြည့်လိုက်တာနဲ့တင် တော်တော်လေးလန်းနေတယ်ဆိုတာသိကြမှာပါ။ Theme ဆိုတော့ Phone တစ်ခု လုံးကို Skin အုပ်လိုက်သလိုမျိုး ဆိုတော့ Setting , Keyboard , Widget , Notification , Contact , Icon အားလုံး အားလုံးမှာ ရွှေအိုရောင်လေးနဲ့ဆိုတော့ တော်တော်လေးကိုမိုက်နေပါတယ်ဗျာ။ ကျွန်တော်လိုက်ကြည့်တာ ဆိုဒ်တော်တော်များများမှာမတွေ့သေးတာနဲ့ ဦးဦးဖျားဖျားလေးတင်ပေးလိုက်ပါတယ်။ နမူနာပုံစံကြည့်နိုင်ဖို့ အတွက်အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
computer ရှိသူတိုင်းဆောင်ထားသင့် တဲ့ advance system care pro 7.0.3
Posted: 10 Aug 2014 09:55 PM PDT
computer ရှိသူတိုင်းဆောင်ထားသင့် တဲ့ advance system care pro
========================================
ကွန်ပျူတာရဲ့ လုပ်ဆောင်မှူ့ ကိုအမြဲအပြုံးလေးတွေနဲ့ ပြပေးမဲ့ advaned system care pro
Windows 2000/XP/Vista/7/8 တွေမှာအသုံးပြုလို့ ရပြီး full version
ရမယ်ဗျာ။အသုံးပြုရတာလည်းလွယ်တယ် ကျွန်တော်ဆိုသဘောကျလို့  အမြဲသုံးနေကျပါ တစ်ခုက
မိမိကွန်ပျူတာအတွက်သန် ရှင်းရေးလုပ်ပေးဖို့ ဖြစ်ပြီး uninstall လုပ်မရ တဲ့ software တွေကိုရှင်းလင်းပေး
ပါတယ်။အိပ်ခါနီးကျလောက်မှာ စက်ကို auto repair & shut down မှာ
အမှန်လေးခြစ်ပေးထားရုံနဲ့ အလိုအလျောက်အလုပ်လုပ်ပေးနိုင်တာမို့ ။စက်ရှင်းဖို့ ပျင်းတဲ့ မိတ်ဆွေတွေအတွက်လည်း
သင့် တော်မှာပါ။သူ့ ကိုအသုံးပြုမယ်ဆိုရင် နှစ်ခုလုံးကို download ယူရမှာဖြစ်ပါတယ်။series key
ကိုထည့် မယ်ဆိုရင် အင်တာနက်ကိုပိတ်ပြီးမှထည့် ပါ။
ဒါကတော့  series key လေးပါ။
Advanced System Care PRO 7.3 License Key: 9EA02-A59E7-447AC-4CEB4
DOWNLOAD - zippyshare - solidfiles , google drive
အသစ်တင်တိုင်းfacebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
ဝယ်ရတဲ့ Viber Sticker တွေကိုအခမဲ့ရယူချင်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက်
Posted: 10 Aug 2014 03:02 PM PDT
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/07/28/viber-sticker-enabler-v5-0-for-android/
ဝယ်ရတဲ့ Viber Sticker တွေကိုအခမဲ့ရယူချင်တဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ' Viber Sticker Enabler ' version အသစ် 5.0 ကိုထပ်မံရေးသားပေးလိုက်ပါတယ်။
ဒီ Viber Sticker Enabler v5.0 မှာဆိုရင် ၀ယ်ယူသုံးစွဲရမယ့် Sticker ပေါင်း ၅၆ ခုကိုထည့်သွင်းပေးထားပါတယ်။ အသုံးပြုနည်း Guide ကိုပါတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ Viber Sticker Enabler v5.0 ကိုသုံးစွဲရန် ဖုန်းသည် Root လုပ်ထားရပါမယ်။ Viber Sticker Enabler v5.0 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.mmas.vseinstaller
(or)
http://apkleecher.com/?id=com.mmas.vseinstaller
အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး
( Myanmar Mobile App Store )
Sony Xperia အမြင့် ဖုန်းတော်တော် များများကို Root ပေးနိုင်တဲ့ Easy Root Tool
Posted: 10 Aug 2014 02:55 PM PDT
ကျွန်တော် ဒီ Tool ကို Z1 4.4.4 Root tool အနေနဲ့ Post တင်ဖူးပါတယ်
ဒါပေမယ့် ဒီ Tool လေးရဲ့ အသုံးပြုနိုင် စွမ်းက တကယ်ကို ကောင်းမွန် လှပါတယ် Sony Xperia အမြင့်ဖုန်း တော်တော် များများကို Root ရပါတယ် ..
ကျွန်တော် စမ်းထားတာတော့
Xperia Z1 C 6903 4.4.4 , Xperia Z Ultra C6833 4.4.2, 4.4.4 , Xperia Z2 C6503 4.4.2
၃လုံးမှာ စမ်းပြီးပါပြီ အကုန်လုံး Bootloader Unlock လုပ်စရာ မလိုပါဘူး
မြန်လဲမြန်ဆန်ပါတယ်
အသုံးပြုနည်းကို ပြန်လည်ပြောပါ့မယ်
~~~~~~~~~~~~~~~~
Easy Root Tool ကို အောက်မှာ ဒေါင်းယူပါ
Download Here
Down ရလာတဲ့ zip ဖိုင်ကို desktop ပေါ်မှာဖြည်လိုက်ပါ Computer ကို အင်တာနက် ချိတ်ထားပါ
install ဆိုသော bat file ကို run လိုက်ပါ
လိုအပ်တဲ့ Towel root apk ကို download ဆွဲပါလိမ့်မယ် ခဏစောင့်ပေးပါ
ပြီးလျှင် ကွန်ပြုတာနှင့်ဖုန်းကို ချိတ်ပေးလိုက်ပါ
ဖုန်းမှာ usb debugging တို့ unknow sources တို့ဖွင့်ထားပါ ဖုန်းနှင့်ကွန်ပြုတာ ကိုကြိုးချိတ်လိုက်ရင် လိုအပ်တဲ့
ဖိုင်များကို အလို အလျောက် သွင်းပေးသွားမှာပါ
Cleaning up ဆိုတဲ့ စာသားပေါ်လာရင် ကြိုးဖြုတ်လိုက်ပါ ဒါဆို Root ရပါပြီ
Super user တော့ပေါ်မှာမဟုတ်ပါဘူး SuperSu version အမြင့် တခုခု ထည့်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ...
Xperia အမြင့်ဖုန်းတော်တော်များများ အဆင်ပြေပါတယ် အချိန်ကုန်လည်းသက်သာပါတယ်
Mobile Service သမားတွေဆောင်ထားသင့်တဲ့ tool ကောင်းလေးဖြစ်ပါတယ်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆင်ပြေပါစေ
Credit : myanmarmobileapp.com
မိုဘိုင်းဖုန်း အသုံးအနှုန်း (၂)
Posted: 10 Aug 2014 02:32 PM PDT
မိုဘိုင်ဖုန်း အသုံးအနှုန်း (၁) ထဲမှာ ကနေ့ခေတ် မိုဘိုင်ဖုန်း တစ်လုံးရဲ့ အရေးပါပုံကို လည်းကောင်း။ မိုဘိုင်ဖုန်းမှာ အသုံးပြုနေတဲ့ ဖုန်းဝေါဟာရ အသုံးအနှုန်းတွေကို သိသင့်တန်သလောက် သိနိုင်အောင် လေ့လာသင့်ကြောင်းနဲ့အတူ မိုဘိုင်ဖုန်း အသုံးအနှုန်း ၁၀-လုံးကိုလည်း ရှင်းလင်း တင်ပြခဲ့ပါတယ်။ ကနေ့တော့ မိုဘိုင်ဖုန်းနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းထဲက အချို့ကို ပြန်လည်ထုတ်နှုတ် တင်ပြပါမယ်။
11. Bandwidth = သတင်းအချက်အလက် သယ်ဆောင်နိုင်တဲ့ ပမာဏ (ဘန်ဝစ်)
တယ်လီဖုန်း ဆက်သွယ်ရေး (ကြိုး၊ ကြိုးမဲ့စနစ်) ကနေ (သို့မဟုတ်) ကွန်ပျူတာ ချိတ်ဆက်မှုကနေ တစ်ဆင့် သတင်းအချက်အလက်များကို သယ်ဆောင် ပေးပို့နိုင်တဲ့ ပမာဏကို ဘန်ဝစ်လို့ ခေါ်ပါတယ်။ အနာလော့ဂ်စနစ်မှာ အချိန်တစ်စက္ကန့်တိုင်းကို ဟတ်ဇ် (Hz) လို့ အတိုကောက် သုံးနေကြတဲ့ Hertz နဲ့ တိုင်းတာပါတယ်။ ဆိုလိုတာက တစ်စက္ကန့်အတွင်း သယ်ဆောင်နိုင်တဲ့ သတင်းအချက်များကို ၁-Hz လို့ ခေါ်တယ်။ ရူပဗေဒ စကားလုံးနဲ့ သုံးရရင် ဖရီကွမ်န်စီလို့ ခေါ်တဲ့ ကြိမ်နှုန်းရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကြားက ခုန်နှုန်း ကွာဟချက်ကို တွက်ချက်ပေးတာကို ဘန်ဝစ်လို့ ခေါ်တယ်။
ဒစ်ဂျစ်တယ်စနစ်မှာတော့ တစ်မျိုး။ ချန်နယ်လ် (လိုင်း) ကနေတစ်ဆင့် သယ်ဆောင် ပို့ပေးနိုင်တဲ့ ပမာဏ (သို့မဟုတ်) တန်ဖိုးကို ဘစ် (bit) နဲ့ တိုင်းတယ်။ တစ်စက္ကန့်အတွင်း သတင်းအချက် သယ်ဆောင်ပို့ပေးနိုင်သမျှကို ၁-ဘစ် (1-bit) လို့ သတ်မှတ်တယ်။ Bandwidth-ဆိုတဲ့ စကားလုံးဟာ Band နဲ့ width နှစ်လုံး တွဲသုံးထားတာမို့ ကြိုးမဲ့ တယ်လီဖုန်းစနစ်မှာ သုံးနေတဲ့ Band ဝေါဟာရနှင့် မရောမိပါစေနဲ့။ အဲဒီဟာက MHz နဲ့ အတိုကောက်သုံးပြီး စီမံခန့်ခွဲတဲ့ လိုင်းကို ဆိုလိုတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ သုံးတဲ့ဖုန်း GSM 900 MHz, CDMA 800 MHz, CDMA 450 MHz ဆိုတဲ့ သဘောပါ။ ဒီ Bandwidth ဝေါဟာရကတော့ ပမာဏကို ဆိုလိုတယ်။ အဲဒီ 900 MHz သုံးတဲ့ ဂျီအက်စ်အမ်ဖုန်းထဲသို့ သတင်းအချက်အလက် (စာ၊ ရုပ်၊ သံ) သယ်ဆောင်ပေးနိုင်တဲ့ ပမာဏကို Bandwidth လို့ လွယ်လွယ် မှတ်သားနိုင်ပါတယ်။
12. Bit = ဘစ်
Bit ဆိုတဲ့စကားလုံးက Binary (ပေါင်းစည်းခြင်း) နဲ့ Digit (ဂဏန်း) စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတာပါ။ ဂဏန်း ၂-လုံးကို အခြေပြုပြီး တီထွင်ထားတဲ့ ဒစ်ဂျစ်တယ်လ် နည်းပညာမှာ ဘယ်အရာမဆို တစ်ခုက "သုည" ဖြစ်ရပြီး နောက်တစ်ခုက "တစ်" ဖြစ်ရမယ်။ ဆိုလိုတာက ၁-ဘစ် (1-bit) ဟာ ဂဏန်း ၂-လုံးဖြစ်တဲ့ "0" သို့မဟုတ် "1" တစ်ခုခုကို ကိုယ်စား ပြုထားတယ်။ (byte ကို ထပ်ကြည့်ပါ။)
13. Bluetooth = ဘလူးတု(တ်)
PANs ဆိုတဲ့ တစ်ဦးချင်း ဧရိယာ ကွန်ရက် (Personal Area Networks) ကို ဖန်တီးပြီး အသုံးပြုရန် တီထွင်ထားတဲ့ တာတို-ကြိုးမဲ့စနစ်ကို ဘလူးတု(တ်) လို့ ခေါ်ပါတယ်။ သင့်ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ အနီးအနားမှာရှိနေတဲ့ ဖုန်းကိုပဲဖြစ်ဖြစ် တာတို-ဆက်သွယ်မှုအတွက် အသုံးပြုရတဲ့ ကိရိယာ တစ်ခုပေါ့။
ဘလူးတု(တ်) ဆိုတာနဲ့ အချင်းချင်း ဆက်သွယ်နိုင်တဲ့ ကိရိယာ ၂-ခု ရှိရပါမယ်။ ဘလူးတု (တ်) နားကြပ်ရယ်၊ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ ကိရိယာရယ်ပေါ့။ ဒါမှမဟုတ် ပို့လွှတ်တဲ့ ကိရိယာနဲ့ လက်ခံရယူတဲ့ ကိရိယာဆိုပြီး ၁-စုံ ရှိရပါမယ်။ ပို့လွှတ်တဲ့ ကိရိယာက ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာ တစ်ခုခုဖြစ်ပြီး၊ လက်ခံရယူတဲ့ ကိရိယာကတော့ ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာအပြင် ကြိုးမဲ့-နားကြပ်ပါ ပါဝင်တယ်။
အခုနောက်ဆုံးပေါ် စမတ်ဖုန်း၊ ပမ် (လက်ဖ၀ါးတင် ကွန်ပျူတာ)၊ သင်ပုန်း (ကွန်ပျူတာ အပြား)၊ လက်တော့ပ် (ပေါင်ပေါ်တင် ကွန်ပျူတာ) အများစုမှာ ဘလူးတု (တ်) စနစ်ကို တပ်ဆင်ထားကြတယ်။ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ အကွာအဝေးကို တွက်ချက်ပြီး အဆင့်-၁ နဲ့ အဆင့်-၂ ခွဲခြားထားတယ်။ အဆင့်-၁ ကိုတော့ အကွားအဝေး ပေပေါင်း ၃၀၀ (သုံးရာ) အထိ သုံးစွဲနိုင်ပြီး၊ အဆင့်-၂ ကိုတော့ ပေ-၃၀ ၀န်းကျင်မျှသာ အသုံးပြုနိုင်မှာပါ။
ဘလူးတု (တ်) ဟာ ၁၀-ရာစုခေတ်တုန်းက နော်ဝေးနဲ့ ဒိန်းမတ် နှစ်နိုင်ငံကို ပေါင်းစည်းနိုင်ခဲ့တဲ့ ဘုရင်မင်းမြတ် ဟာရယ်ဘလူးတု (တ်) (Harald Bluetooth) ရဲ့ နာမည်ရင်းပါ။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနာမည်ကို ရွေးပေးထားခြင်း ဖြစ်တယ်။
14. Broadband = ဘရော့ဘန်
Broadband ဆိုတာနဲ့ ပုဂံဆိုက်ဘာတက်ခ်ကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ တပ်ဆင်ထားခဲ့တဲ့ ဒယ်အိုးစလောင်းကြီးကို မြင်ယောင်နေကြမှာပါ။ တကယ်တော့ ဘရော့ဘန်-ဆိုတာကလည်း ကွန်ပျူတာနဲ့ အင်တာနက်ကို ချိတ်ဆက် သုံးစွဲနိုင်ဖို့ သတင်းအချက်အလက်တွေကို ပို့လွှတ်ပေးတဲ့ စနစ်တစ်ခုပါပဲ။ ဒါပေမယ့် ရိုးရိုးဘန် (Band) စနစ်မှာတော့ ကြိမ်နှုန်း အနည်းငယ်ကိုသာ ပို့လွှတ်ပေးနိုင်တယ်။ တစ်စက္ကန့်မှာ 3 MHz ပဲ ပို့လွှတ်နိုင်တယ်။ ဒီဘရော့ဘန် (Broadband) ကျတော့ တစ်စက္ကန့်အတွင်း 3 MHz ထက်မက ပိုပြီး ပို့လွှတ်နိုင်တယ်။ ဘရော့ဝေး (Broadway) ဆိုတဲ့ အသုံးအနှုန်းကို သတိရကြမှာပါ။ လမ်းမကြီး-လို့ အဓိပ္ပါယ် ရတယ်လေ။ လမ်းမကြီးဆိုတော့ လမ်းက ကျယ်တယ်။ လမ်းက ကျယ်တော့ ယာဉ်တွေ ပိုသွားလာနိုင်တယ်လေ။ အလားတူပဲ သတင်းအချက်အလက် အများကြီးကို ပို့လွှတ်နိုင်တဲ့စနစ်ကို Broadband လို့ ခေါ်တာပါ။
မြန်နှုန်းမြင့်စနစ် (High-Speed) ကိုလည်း ဘရော့ဘန်လို့ ခေါ်သေးတယ်။ ဘယ်လောက်အထိ မြန်နှုန်းမြင့်သလဲဆိုရင် စလောင်းကနေ ထုတ်လွှတ်တဲ့ သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို တီဗီ (ရုပ်မြင်သံကြား) စက်နဲ့ တိုက်ရိုက် ဖွင့်ကြည့်နိုင်သလို ဘရော့ဘန်စနစ်ကို သုံးပြီး အင်တာနက် လွှင့်မယ်ဆိုရင် သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်းတွေနဲ့ အထစ်အငေါ့မရှိ ကြည့်ရှုနိုင်တယ်။
15. Browser (Mini-Browser) = ဘရောက်စာ (အသေးလေး)
ဘရောက်စာ-ဆိုတာက အင်တာနက်ပေါ်မှာ လွှင့်တင်ထားတဲ့ ၀က်ဆိုက် (web-site) တွေကို ဖွင့်ကြည့် ရှာဖွေနိုင်တဲ့ အသုံးချကိရိယာ တစ်မျိုးပါ။ Internet Explorer, Mozilla Firefox, Google Chrome တွေကို ဘရောက်စာလို့ ခေါ်ပါတယ်။ ၀က်ဆိုက် ပိုင်ရှင်တွေကို ဒီဘရောက်စာတွေနဲ့ပဲ ပေးချင်တဲ့ သတင်းအချက်အလက်ကို အင်တာနက်ပေါ် လွင့်တင်ကြသလို အင်တာနက် အသုံးပြုသူတွေကလည်း ဒီဘရောက်စာတွေကိုပဲ ဖွင့်ပြီး သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စူးစမ်းရှာဖွေကြတယ်။
အရင်ခေတ်ကဆို ကွန်ပျူတာသုံး ဘရောက်စာ (Browser) ကိုပဲ တီထွင်ခဲ့ကြတယ်။ ယေဘုယျအားဖြင့် 800x600 pix အရွယ်အစားလောက်ပေါ့။ အခုကျတော့ ခေတ်မီတဲ့ သင်ပုန်းတွေ ဖုန်းတွေ ခေတ်နဲ့အညီ ပေါ်လာပြီ။ ဒီတော့ကာ ဘရောက်စာ အသေးလေး (Mini-broswer) ကို ထပ်ပြီး တီထွင်ခဲ့ရတယ်။ 320x480 pix အရွယ်အစားလောက်ပေါ့။ ကွန်ပျူတာသုံး ဘရောက်စာတွေကို ဖုန်းမှာ သုံးလို့ မရတာတော့ မဟုတ်ဘူး၊ ရတယ်။ ဒါပေမယ့် ၀က်ဆိုက်ရဲ့ မူလစာမျက်နှာနဲ့ ကွက်တိ မဖြစ်ဘူး။ တအားကြီးနေတယ်။ အကုန်မြင်ဖို့အရေး စာမျက်နှာကို ဟိုရွှေ့ ဒီတွန်း လုပ်မှ ရမှာကိုး။ (ခုတလော ၀က်ဆိုက်တွေ၊ ဘလော့တွေကို မိုဘိုင်ဖုန်းစာမျက်နှာဆိုပြီး Google က ၀န်ဆောင်မှု သီးသန့် ပေးထားတယ်၊ ဒီ ayechanmon.blogspot.com ဘလော့ကိုလည်း မိုဘိုင်ဖုန်းနဲ့ ဖွင့်ကြည့်လို့ ရတယ်။
16. Byte = ဘိုက်
နီးစပ်ထောင့်များရဲ့ အစဉ်အတန်း တစ်ခု (ပုံမှန်အားဖြင့် ၈-ခု) ကို ၁-ယူနစ်လို့ ခေါ်တယ်။ ၁-ယူနစ်ကို ၁ နဲ့ ၀ ချည်း ၈-ခုပြည့်အောင် ပေါင်းထားစပ်ထားတယ်။ ဒီပေါင်းစပ်တစ်ခုကို ၁-ဘိုက်လို့ ခေါ်တယ်။ ၁-ဘိုက်ဆိုတာနဲ့ "0 0 1 1 0 1 0 1" ဂဏန်းစဉ် ၈-လုံး ဖြစ်နေရမယ်။ ဥပမာ - စာချည်းသက်သက် ပါတဲ့ ဖိုင်တစ်ခုမှာ စာဖိုင်တွေကို အက္ခရာတွေက ကိုယ်စားပြုမနေဘဲ၊ ဒီအစဉ်အတန်း ဂဏန်းတွေကသာ နေရာယူ ကိုယ်စားပြုနေမှာပါ။ bit ကနေ byte ဖြစ်၊ byte ကနေ Mega-byte ဖြစ်၊ Mega-byte ကနေ Gaga-byte ဖြစ်သွားတာကို သတိပြုပါ။ အခုခေတ် သုံးစွဲနေတဲ့ KB, MB, GB ဆိုတာ ဘိုက်ကို အခြေခံထားတဲ့ စနစ်ပါပဲ။
17. 12-key Keypad = ဂဏန်း ၁၂-လုံးပါ ကီးပက်
ပုံမှန် တယ်လီဖုန်း တစ်လုံးရဲ့ ကီးပက်ဟာ ၃-တိုင်နှင့် ၄-တန်း ရှိတတ်ပါတယ်။ ထိပ်ဆုံးတန်းမှာ ဂဏန်း 1. 2. 3 ပါရှိပြီး၊ အောက်ဆုံးတန်းမှာတော့ *. 0. # (စတား၊ ဇီရိုး၊ ဟက်) တို့ ပါဝင်တယ်။ ဂဏန်း 2 3 4 5 6 8 အကွက်တို့မှာ အက္ခရာ ၃-လုံးစီ (၁၈-လုံး) ထည့်ထားပြီး၊ 7 နဲ့ 9 မှာတော့ အက္ခရာ ၄-လုံးဆီ (၈-လုံး) ထည့်သွင်းထားတယ်။ ဒါကို ၁၂-ကီး ကီးပက် (ဂဏန်း ၁၂-လုံးပါ ကီးပက်) လို့ ခေါ်ပါတယ်။ ခေတ်ဟောင်းဖုန်းကို သုံးခဲ့ပြီး ခုခေတ်ပေါ် မိုဘိုင်ဖုန်း (တို့ထိမျက်နှာပြင်) နဲ့ မရင်းနှီးသေးရင် ဒီကီးပက်ပုံစံ 12-key Keypad ကိုသာ ရွေးချယ်ပြီး သုံးစွဲလိုက်ပါ။
18. 20-key Keyboard = အလုံး ၂၀ ကီးဘုတ်
ကွန်ပျူတာလက်ကွက်သုံး ပုံမှန် ကီးဘုတ်ဖြစ်တဲ့ (QWERTY- ကွာတီ) ကို ထက်ဝက် ခြမ်းထားတဲ့ ကီးဘုတ်အမျိုးအစားကို 20-key Keyboard လို့ ခေါ်ဆိုတယ်။ ဖုန်း၊ သင်ပုန်းမှာက နေရာကျဉ်းတဲ့အတွက် တစ်ခါနှိပ် တစ်ခြမ်းစီ စတိုင်လ်နဲ့ ပြုလုပ်ထားတာပါ။ ပုံမှန် ကွန်ပျူတာရဲ့ ကီးဘုတ်တွေနဲ့ အကျွမ်းဝင်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။
19. QWERTY = ကွာတီ ကီးဘုတ်
ကွန်ပျူတာရဲ့ ပုံမှန် ကီးဘုတ်ကိုတော့ QWERTY- ကွာတီလို့ ခေါ်ဆိုကြတယ်။ ဘယ်ဘက် ထိပ်ဆုံး တစ်ခြင်းက အက္ခရာဖြစ်တဲ့ Q W E R T Y ကို စုပေါင်းပြီး ခေါ်ဆိုခြင်းပါ။ လက်နှိပ်စက်လို့ ခေါ်တဲ့ တိုက်ပရိုက်တာ (Typewirer) ခေတ်ကတည်းက အင်္ဂလိပ်စာအတွက် စနစ်တကျ တီထွင်ထားတဲ့ လက်ကွက်ရဲ့ အနေအထားအတိုင်း ကွန်ပျူတာ ကီးဘုတ်မှာ ပြန်လည် အသုံးချတာပါ။
ကီးပက် (Key Pad) နဲ့ သုံးတဲ့ ဖုန်းခေတ်မှာကျတော့ ဒီလက်ကွက်ကို သုံးရင် လက်ကွက် သေးသွားမယ်၊ အက္ခရာ/ဂဏန်း တစ်လုံးနဲ့တစ်လုံး ကပ်သွားမယ်။ ဆိုးကျိုးကတော့ ရိုက်တဲ့အခါ မမြင်မစမ်း ဖြစ်တာလို့၊ ဒီရိုက် ဟိုထွက်တာတို့ ဖြစ်မှာ သေချာတယ်။ ဒါကြောင့် ကီးပက်ခေတ်မှာ ဒီကွာတီစနစ်ကို မသုံးဖြစ်ဘူး။ တို့ထိမျက်နှာပြင် (Touch Screen) ခေတ်မှာတော့ ဖုန်းကော၊ သင်ပုန်းပါ အရွယ်အစား ကြီးလာတယ်။ ကီးဘုတ်ကိုလည်း အရွယ်အစားစုံ ချုံ/ချဲ့လို့ ရတာမို့ ကွာတီစနစ် ကီးဘုတ်ကို ပြန်သုံးဖြစ်တာပါ။ ကွန်ပျူတာလက်ကွက်နဲ့ အကျွမ်းဝင်ပြီးသား စာရိုက်သမားတွေအတွက်ကတော့ ကွာတီကီးဘုတ်ကိုပဲ မြေကြီးလက်ခတ်မလွဲ ရွှေးချယ်ကြမှာ အမှန်ပေ။
20. GPS = ဂျီပီအက်စ် (မြေပုံစနစ်)
ဂျီပီအက်စ် (GPS) ဆိုတာ ကမ္ဘာလုံးဆိုင်ရာ မြေပုံ အသုံးပြုစနစ်ကို ရည်ညွှန်းတာပါ။ Global Positioning System (GPS) ပေါ့။ ဖုန်းကိုင်ထားသူက ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ဂျီပီအက်စ်-ဂြိုဟ်တုကနေတစ်ဆင့် သက်ဆိုင်ရာ ဖုန်းရုံးဆီသို့ အကြောင်းကြားပြီး ဖုန်းကိုင်သူထံ ပြန်လည် အသိပေးတဲ့ စနစ်တစ်ခုပါ။
ဥပမာ - ကမ်းနားဟိုတယ်မှာ တည်းခိုနေတဲ့ နိုင်ငံခြားသား တစ်ယောက်က ရွှေတိဂုံဘုရားကို သွားချင်တယ် ဆိုပါစို့။ ဂျီပီအက်စ်ရဲ့ ဆပ်ခ်ျဘောက် (Search Box) မှာ "Shwedagon Pagoda" လို့ ရိုက်ထည့်လိုက်မယ်။ Search (ရှာဖွေ) ကီးကို နှိပ်လိုက်မယ်။ ဒါဆိုရင် ကမ်းနားဟိုတယ်ကနေ ရွှေတိဂုံဘုရားသို့ သွားရမယ့် လမ်းကြောင်းကို ဂျီပီအက်စ် (GPS) စနစ်က တွက်ချက် ဖော်ပြပေးပါလိမ့်မယ်။
ဖုန်းနဲ့ အင်တာနက်သုံးတာ ခေတ်မစားသေးတဲ့ မြန်မာပြည်အတွက် ဂျီပီအက်စ်ကို ၂-မျိုး ခွဲထားတယ်ဆိုပဲ။ အွန်းလိုင်း-ဂျီပီအက်စ်နဲ့ အော့ပ်လိုင်း-ဂျီပီအက်စ် ပေါ့။ Online GPS ကိုတော့ ဖုန်းမှာ အင်တာနက်ချိတ်ထားတဲ့ သူတိုင်းက ဖုန်းလိုင်းဝင်တဲ့ နေရာတိုင်းမှာ သုံးလို့ ရတယ်။ 0ff line ကိုတော့ ဖုန်းလိုင်း မ၀င်တာပဲ ဖြစ်ဖြစ်။ အင်တာနက် ကွန်နက်ရှင်း မရတာပဲ ဖြစ်ဖြစ် ဖြစ်ရုံလေး သုံးလို့ရအောင် ပုံသေ ထည့်ပေးထားတဲ့ မြေပုံစနစ်ပေါ့။
http://ayechanmon.blogspot.com
မိုဘိုင်းဖုန်း အသုံးအနှုန်း (၁)
Posted: 10 Aug 2014 02:32 PM PDT
မီဒီယာ (Media) ခေတ်လို့ ခေါ်ဆိုနေကြတဲ့ ကနေ့ခေတ်ဟာ မိုဘိုင်ဖုန်း (Mobile Phone) နဲ့ မီဒီယာကို လက်ခံ ရယူကြသလို မိုဘိုင်ဖုန်းနဲ့ပဲ မီဒီယာကို ပြန်လည် မျှဝေ (Share) ကြတယ်။ ဒီတော့ကာ "သက်ရောက်နိုင်အား" ဖော်မြူလာအရ မီဒီယာသမားတွေက မိုဘိုင်ဖုန်းကို အသားပေးလာကြရတယ်။ ဆိုလိုတာက မိုဘိုင်ဖုန်းအတွက် သီးသန့် မီဒီယာကဏ္ဍကို ဖန်တီးလာကြတယ်။
တစ်ဖန် "တန်ပြန်သက်ရောက်အား" ဖော်မြူလာအရ မိုဘိုင်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မိုဘိုင်ဖုန်းမှာ မီဒီယာကဏ္ဍ ပြည့်စုံသထက် ပြည့်စုံလာအောင် ထည့်သွင်း ထုတ်လုပ်ကြရတယ်။ အများနားလည်တဲ့ စကားလုံးနဲ့ ပြောရရင် ဘယ်သတင်းမဆို မိုဘိုင်ဖုန်းနဲ့ ဖတ်နိုင်အောင်၊ ဘယ်ရုပ်ပုံမဆို မိုဘိုင်ဖုန်းနဲ့ ကြည့်နိုင်အောင်၊ ဘယ်အသံ/ သီချင်းမဆို မိုဘိုင်ဖုန်းနဲ့ နားထောင်လို့ ရအောင်၊ ဘယ်ဗီဒီယို/ရုပ်ရှင်မဆို မိုဘိုင်ဖုန်းနဲ့ ကြည့်ရှုနိုင်အောင် မိုဘိုင်ဖုန်းကို ထုတ်လုတ်တဲ့ ကုမ္ပဏီတွေက အပြိုင်ကြဲ ထုတ်လုပ်ကြရတော့တယ်။
အရင်ခေတ်တွေတုန်းကဆို ဖုန်းဆိုတာနဲ့ စကားပြောတဲ့ ခွက်လောက် သိထားကြတာပါ။ ဒီခွက်ကို တစ်နေရာမှာ အတည် ထားထားရတယ်။ ကိုယ်က ဆက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဟိုဘက်က ဆက်လာလို့ပဲ ဖြစ်ဖြစ် ဒီစကားပြောခွက် ရှိတဲ့နေရာကို သွားပြီး ဆက်သွယ်မှု ပြုကြရတယ်။ အဲဒီခေတ်ကို တယ်လီဖုန်းခေတ် (Telephone) လို့ ခေါ်တယ်ဆိုပဲ။
နောက်တစ်ခေတ်ကျတော့ သွားလေရာ လာလေရာမှာ ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ စကားပြော ကိရိယာ တစ်ခုအဖြစ် ဖုန်းကို အဆင့် ထပ်မြှင့်ခဲ့ကြတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဘယ်မှာပဲ ပေါက်နေပေါက်နေ ဒီစကားပြော ကိရိယာကိုသာ ဆောင်သွားလေ။ အိုကေပြီ။ အာဖရိကတိုက်က အမဲလိုက် မုဆိုးတွေ ဒီစကားပြော ကိရိယာကို သုံးပြီး အမဲကောင်ကို တောလှန့် တောခြောက်ကြတယ် ဆိုပဲ။ ဒါကို မိုဘိုင်ဖုန်းခေတ် (Mobile Phone) လို့ ပြောရလေမလားပဲ။
အဲ… အခုခေတ်ကျတော့ မိုဘိုင်ဖုန်းဆိုတာ ဖုန်းဆက်ရုံလေးသာ အသုံးဝင်တဲ့ ခေတ် မဟုတ်တော့ဘူး။ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုက ကျယ်ပြန့်လာပြီ။ မီဒီယာ ပေါင်းစုံကို ဘက်ပေါင်းစုံကနေ အသုံးချနိုင်တယ်။ ဘယ်နေရာရောက်ရောက် စာ ကောက်ဖတ်နိုင်တယ်။ ဘယ်နေရာသွားသွား သတင်း နားထောင်နိုင်တယ်။ သူငယ်ချင်းတွေနဲ့ အပျင်းပြေ ဂိမ်းဆော့ကစားနိုင်တယ်။ မိုးလေတစိမ့်စိမ့် လွမ်းရိပ်ပိုက သီချင်း၊ ကာရာအိုကေနဲ့ ကခုန်နိုင်တယ်။ တီဗီ ဗီဒီယို ခိုးကြည့်နိုင်တယ်။ ဒါတင် ဘယ်ဟုတ်လိမ့်မတုန်း တွှေ့ကရာမြင်ကွင်း ဖုန်းနဲ့ မှတ်တမ်းတင်နိုင်တယ်။ ဘယ်ဖြစ်ရပ်မဆို ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တန်းတင်နိုင်တယ်။ ဒါကြောင့်လည်း ကနေ့ခေတ်သုံး ဖုန်းကို စတိုင်ကျကျ စမတ်ကျကျ ကိုယ်တွယ်သုံးစွဲနိုင်တာမို့ စမတ်ဖုန်း (Smart Phone) လို့ ခေါ်ကြတယ် ထင်ပါရဲ့။
အဲဒီလို ဘက်စုံတော်တဲ့ ခေတ်မှာ ဘက်စုံ အသုံးဝင်တဲ့ စမတ်ဖုန်းကို တို့တစ်တွေက သုံးနေကြပါရက်နဲ့ ဖုန်းရဲ့ အသုံးအနှုန်း ခေါ်ဆိုပုံကို တီးမိခေါက် မိ မရှိခဲ့ငြား "မြင်းခွစီးလျှက် အထီးအမ အခွဲခက်" သလိုမျိုး ဖြစ်သွားမှာ စိုးတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဆိုတာ စမတ်ပဲ ကျသလား၊ တစ်မတ်ပဲ တန်ရော့သလား ခွဲခြား သိနိုင်အောင် ဇွတ်လေ့လာ၊ ဇွတ်အသုံးချ၊ ဇွတ်သုံးပစ်လိုက်ကြပါစို့။
ဖုန်းအသုံးအနှုန်းတွေထဲက အသုံးများတဲ့ ဖုန်းဝေါဟာရကို အချိန်ရရင် ရသလို တင်ပြပေးသွားမှာပါ။ တင်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ကောက်နှုတ် တင်ပြဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကြုံရင်ကြုံသလို အသစ်ထွက်ပေါ်လာတဲ့ ဝေါဟာတွေကိုလည်း အခါအားလျှော်စွာ ကြားညှပ် တင်ပြမှာပါ။ ကနေ့အဖို့ တင်ပြမှာကတော့ အက္ခရာစဉ်ထဲက ပထမဦးဆုံး အေ (A) နဲ့ စလိုက်ကြရအောင်-
1.Accelerometer = တိုင်းတာသည့် ကိရိယာ
ဖုန်းကို အပေါ်ဘက်သို့ ထောင်လိုက် ဖြစ်ဖြစ်၊ အောက်ဘက်သို့ လှဲချတာပဲ ဖြစ်ဖြစ်၊ ရုပ်ပုံ အလိုလိုလှည့်ပေးသည့် စနစ်ပါ။ ဖုန်းကသာ ဒေါင်လိုက်၊ အလျားလိုက် ဖြစ်ချင် ဖြစ်မယ်၊ ရုပ်ပုံကတော့ မူလအတိုင်းပါပဲ၊ မပြောင်းလဲပါ။ ဘယ်လိုပဲ စောင်းစောင်း ရေပြင်ညီအတိုင်း တစ်မတ်တည်း ရှိနေတတ်တဲ့ ပြဒါးမျဉ်းနဲ့ အလားတူတယ်လို့ပဲ ပြောရမလား။ ပစ်ချလိုက်တိုင်း ထောင်ထောင်နေတဲ့ ပစ်တိုင်းထောင်လို ချွတ်စွတ်လို့ပဲ ဆိုရမလား မသိပါ။ သေချာတာက နာရီလက်တံ လည်သလို ဖုန်းကို လှည့်ကြည့်လိုက်ပါ၊ ဖွင့်ထားတဲ့ ရုပ်ပုံတွေက ပန်းပန်လျှက်ပါ၊ လည်မသွားပါ။Tablet (သင်ပုန်း) မှာဆို ပိုသိသာတယ်။ Rotate နဲ့ ဆင်တူသော စကားလုံးပါ။
2. Activation = ဖွင့်ခြင်း (အက်ဒီဗိတ် လုပ်ခြင်း)
အသုံးပြုမယ့် နက်ဝေါ့ဒ်လိုင်းဆီသို့ မိမိဖုန်းလိုင်းကို ဖွင့်ပေးဖို့ လုပ်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ- ဖုန်းဟန်းဆက် တစ်လုံး ၀ယ်လာပါက မိမိထည့်သွင်း အသုံးပြုမည့် စင်းကဒ် (Sim) ကို လိုင်းဖွင့်ခိုင်းခြင်း၊ ဖုန်းလိုင်းကုမ္ပဏီကနေ လိုင်းကို ဖွင့်ပေးခြင်းကို ဆိုလိုသည်။ ဖုန်းဟန်းဆက်ကော၊ ဖုန်း-စင်းကဒ်ပါ Activate မဖြစ်ပါက ဖုန်းလိုင်း ၀င်မည်မဟုတ်ပါ။ ဖုန်းကို အသုံးပြုလို့ ရမည် မဟုတ်ပါ။
3.Airplane Mode = လိုင်းကို ပိတ်ထားသည့် အခြေအနေ
ခုခေတ်ပေါ် စမတ်ဖုန်းမှာ အဲယားပလိန်းမုဒ် (Airplane Mode) သို့မဟုတ် ဖလိုက်မုဒ် (Flight Mode) ကို ထည့်သွင်းထားတတ်တယ်။ မိမိသွားရမယ့် ခရီးလမ်းတစ်လျှောက်မှာ ဖြစ်သန်းသွားရတဲ့ တာဝါတိုင်များမှ လွင့်ထုတ်နေတဲ့ ရေဒီယိုလှိုင်း ၀ါယာလက်လိုင်း ဆွဲအားကြောင့် ဖုန်းထဲက ဘက္ထရီ အမြန် ကုန်တတ်တယ်။ ဒါကို တားဆီးတဲ့အခါ အသုံးပြုပါ။ ဖုန်းပါဝါကို မပိတ်ရဘဲ ဘက္ထရီကို ချွေတာတဲ့သဘောပါ။ လေယာဉ်စီးတဲ့အခါ လေယာဉ်ပေါ် ဖုန်း အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်းကို ပါဝါပိတ်စရာမလိုဘဲ ဒီ Airplane Mode ကို နှိပ်လိုက်ရင် ဖုန်းကို ပိတ်လိုက်သလိုပါပဲ။ ဆက်သွယ်မှု အကုန်ပြတ်တောက်သွားပါလိမ့်မယ်။
4.Alarm Clock = နှိုးစက်
အခုခေတ်ပေါ် ဖုန်းတွေမှာ ပြက္ကဒိန်တွေ၊ နာရီနှိုးစက်တွေ ထည့်ပေးထားတတ်တယ်။ အရင်တုန်းက ထုတ်လုပ်တဲ့ ဖုန်းတွေမှာ နှိုးစက်ကို နာရီနှိုးစက်လိုပဲ တစ်ရက်စာ၊ တစ်ချိန်ကိုသာ သတ်မှတ်ပေးတယ်။ ဆိုလိုတာက မနက် ၄-နာရီတိတိ နှိုးစက်ကို ချထားရင် မနက်လေးနာရီတိုင်း ထမြည်မယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ထုတ်တဲ့ စမတ်ဖုန်း အများစုကတော့ နေ့ရက်အလိုက် နာရီချိန်ပြီး နှိုးစက် ပေးလို့ ရတယ်။ ဥပမာ- ဇွန်လ ၁၅-ရက်နေ့ ညသန်းခေါင် ၁၂း၁၅ မှာ ကန်မယ့် ဘောလုံးပွဲကို ထကြည့်ချင်သပဆိုရင် JUN 15 00:15 AM ကို ချိန်ပြီး နှိုးစက် ချထား။ ဒါဆို နောက် ၂-ရက် ညသန်းခေါင်အချိန်မှာ နာရီနှိုးစက် ထမြည်လာမှာပါ။ ရက်အများကြီး၊ အချိန်အများကြီးကို ကြိုတင် ချိန်းထားလို့ ရတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ကို သွားမယ်လို့ စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း နှိုးစက်ကိုသာ ချထား။ အချိန်တိကျစွာ သင့်ကို နှိုးဆော်ပေးပါလိမ့်မယ်။
5.Alphanumeric = အက္ခရာနဲ့ ဂဏန်း
အရင်ထုတ်ဖုန်းတွေမှာ ကီးပက်နဲ့ သုံးရတဲ့အတွက် ကီးပက် တစ်ကွက်စာကို အက္ခရာ ၃-လုံးနဲ့ ဂဏန်း ၁-လုံး ထည့်သွင်းပေးထားတယ်။ ဥပမာ ဒုတိယအကွက်မှာ ABC နဲ့ 2 ကို ထည့်ထားတယ်။ ဒီကီးပက်ကို ပထမတစ်ခါ နှိပ်ရင် A၊ ဒုတိယ B၊ တတိယ C၊ စတုတ္ထ 2 ပေါ့။ ခုခေတ် Touch Screen (တို့ထိမျက်နှာပြင်) ဖုန်းတွေမှာ ကီးပက် မရှိဘူး။ ဒီတော့ စာတွေကို ရိုက်ရတဲ့အခါမှာ အော်တို ကီးဘုတ်တွေ ပေါ်လာတယ်။ လက်ကွက်တွေ မရှုပ်အောင် ဆိုပြီး အက္ခရာဖြစ်တဲ့ အေ ကနေ ဇက် (A – Z) အထိ ကို တသီတခြား။ ဂဏန်း ၀ ကနေ ၉ အထိ (0 – 9) ကို တသီတခြား ခွဲထုတ်ထားတတ်တယ်။ ဒီနှစ်မျိုးလုံးကို အသုံးပြုချင်သပဆိုရင် Alphanumeric ရဲ့ လုပ်ဆောင်ချက်ကိုသာ ရွေးထားပါ။
6.Analog = အလားတူ (အနာလော့ဂ်)
လေလှိုင်းကနေတစ်ဆင့် အသံစနစ် ဖလှယ် ( ပေးပို့၊ လက်ခံ) ခြင်းကို အနာလော့ဂ်လို့ ခေါ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသံကို လှိုင်းကြိမ်နှုန်းနဲ့ တိုင်းတာပြီး လက်ခံသည့် ရေဒီယိုအသံလှိုင်း ဆီသို့ တိုက်ရိုက်ပေးပို့ခြင်းကို ဆိုလိုတာပါ။ အရင်ကြိုးဖုန်းတွေမှာ အနာလော့ဂ်စနစ်ချည်း သုံးကြတယ်။ နောက်ပိုင်းမှ ဒစ်ဂျစ်တယ်လ်စနစ်သို့ ပြောင်းလဲတပ်ဆင်လာကြတယ်။ အနာလော့ဂ်စနစ်သုံး ဆယ်လူလာဖုန်းကို ၁၉၈၀ ပြည့်နှစ်တွင်မှ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီစနစ်ကို ဆယ်စုနှစ် တစ်ခုလောက်ပဲ သုံးခဲ့ရတယ်။ နောက်ပိုင်း ဒစ်ဂျစ်တယ်လ်စနစ်ကို ပြောင်းလဲလိုက်တယ်။ အမှန်မတော့ အနာလော့ဂ်စနစ်ကို အခြေခံပြီးမှ 1-G (၀မ်းဂျီ) လို့ခေါ်တဲ့ ပထမမျိုးဆက် (First Generation) ကို ပြောင်းလဲခဲ့တာပါ။ အခုဆို ဖိုး-ဂျီ (4-G) စနစ်ကိုတောင် တက်လှမ်းနေပါပြီ။ ဒါပေမယ့် နိုင်ငံအများစုကတော့ သရီး-ဂျီ (3-G) စနစ်ကို သုံးစွဲနေကြဆဲပါ။ မြန်မာနိုင်ငံမှာတော့ ၃-ဂျီ (3-G) စနစ်ကို အခုမှ တာစူနေတယ် ဆိုပဲ။
7.Android = မနုဿစက်ရုပ် (အန်ဒရွိုက်)
စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ စက်လည်ပတ်မှုစနစ် (OS) ဖြစ်တယ်။ (အခုတလော ထုတ်လုပ်လာကြတဲ့ သင်ပုန်း (Tablet) မှာလည်း ဒီစနစ်ကိုချည်း သုံးလာကြတယ်။ Apple ထုတ်ကုန်က လွဲရင်ပေါ့။) လင်းနက်စနစ်ကို အခြေခံပြီး ဂူဂဲလ်ကနေ ဦးဆောင် တီထွင်ထားတဲ့ ဖုန်းသုံး ဆော့ဝဲလ်အမည်တစ်မျိုး ဆိုပါတော့။ (အန်ဒရွိုက်-အကြောင်းကို သီးခြား ဆောင်းပါး ရေးထားပြီ ဖြစ်တယ်။)
8.Antenna = အင်တာနာ (ဧရိယာတိုင်)
ရေဒီယိုလှိုင်းကို ပေးပို့/ လက်ခံရယူဖို့အတွက် ဖုန်းမှာ ထည့်သွင်းထားရတဲ့ ကိရိယာကို ခေါ်တာပါ။ အင်တာနာကို ပုံစံ အဖုံဖုံ၊ အရွယ်အစား အစုံစုံ ထုတ်လုပ်ခဲ့ကြတယ်။ အရင်ဖုန်းတွေတုန်းကဆို အပြင်ကို စတိုင်ကျကျ ထုတ်ပေးထားပေမယ့် နောက်ပိုင်းထုတ် စမတ်ဖုန်းမှာကျတော့ အတွင်းမှာပဲ ထည့်သွင်းထားကြတယ်။ လူ့အကြိုက်တွေကို လိုက်ပြီး ဖော်လိုက်၊ ဖွက်လိုက် နေမှာပါ။ ဖုန်းလိုင်း ဆွဲအားကောင်းတယ် မကောင်းဘူး၊ လိုင်းမိတယ် မမိဘူးဆိုတာ ဒီထည့်သွင်းထားတဲ့ အင်တာနာပေါ်မှာပဲ မူတည်တယ်။
9.Area Code (NPA) = ဧရိယာကုဒ်
ယေဘုယျအနေနဲ့ ဧရိယာကုဒ်လို့ သုံးစွဲကြပေမယ့် ဖုန်းသုံးဝေါဟာနဲ့ဆို NPA (Numbering Plan Area) လို့ သုံးနှုန်းကြတယ်။ အမေရိကန် အပါအ၀င် မြောက်အမေရိကတိုက်မှာ သုံးစွဲကြတဲ့ နံပါတ် ၁၀-လုံးထဲက ပထမဦးဆုံး ဂဏန်း ၃-လုံးကို ဆိုလိုတာပါ။ ဧရိယာကုဒ်မှန်း သိအောင် ဘယ်တော့မှ ဂဏန်း ၁ နဲ့ စပြီး မသုံးပါ။ အခုအခါမှာတော့ ပထ၀ီဝင် အနေအထားကို တွက်ချက်ပြီး နိုင်ငံအလိုက် ဧရိယာကုဒ်ကို ချမှတ်ပေးထားတယ်။ မြန်မာနိုင်ငံဆို ၀၀၉၅ ဒါမှမဟုတ် +၉၅ ပေါ့။ ဧရိယာကုဒ်ကို နိုင်ငံအလိုက်သာ သုံးစွဲသင့်တဲ့ စကားလုံး ဖြစ်ပေမယ့် အခုခေတ်ကား မြို့အလိုက်ပါ သုံးစွဲနေကြတယ်။ ဥပမာ ရန်ကုန်မြို့ဆို ၀၁၊ မန္တလေးကို ၀၂၊ မော်လမြိုင်ကို ၀၃၂။ ဒါတွေကိုလည်း ဧရိယာကုဒ်ပဲ တင်စားကြတယ်။ ကြိုးဖုန်း အသုံးများတဲ့ နိုင်ငံတွေမှာတော့ ခေတ်ပေါ် မိုဘိုင်ဖုန်းအတွက် သီးသန့်ကုဒ် ထုတ်ပေးထားသေးတယ်။ ပမာအားဖြင့် မြန်မာနိုင်ငံမှာဆို ၀၉ ပုံစံလိုပေါ့။
10.Auto-focus = အော်တို-ဖိုကပ် (အလိုအလျှောက် အချိန်အဆ)
အော်တို-ဖိုကပ်ဆိုတာ စမတ်ဖုန်းမှာ ထည့်သွင်းထားကြတဲ့ ကင်မရာတွေရဲ့ ဓာတ်ပုံရိုက်နိုင်စွမ်း အရည်အသွေးကို ပြောတာပါ။ ကင်မရာနဲ့ ဓာတ်ပုံကို ရိုက်တဲ့အခါ ကင်မရာမင်း အများစုက ဖစ်စ်-ဖိုကပ်နဲ့ ရိုက်ကြတယ်။ ဒါပေမယ့် အလင်းအမှောင် အကွာအဝေးကို ချိန်းနိုင်မှ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်း တစ်ပုံ ထွက်လာမှာပါ။ ဒါကို စပါယ်ရှယ် လေ့လာထားတဲ့ ကင်မရာမင်းကမှ ရိုက်တတ်တာပါ။ အပျော်တမ်းသမားအတွက်တော့ မကိုက်ဘူး။
ဓာတ်ပုံကို ရိုက်လိုက်ပေမယ့် မှောင်မည်းချင် မည်းနေမယ်၊ ၀ါးတားတား ဖြစ်ချင်ဖြစ်နေမယ်ပေါ့။ ဒီတော့ကာ အပျော်တမ်းအဆင့်သာ ထည့်သွင်းထားတဲ့ ဖုန်းရဲ့ ကင်မရာကို ပိုရိုက်ရလွယ်အောင်ဆိုပြီး အော်တို-ဖိုကပ်စနစ် ထည့်သွင်းပေးထားတယ်။ ကင်မရာရဲ့ မှန်ဘီးလူး အချိန်အဆ၊ ရှတ်တာလို့ခေါ်တဲ့ ကင်မရာရဲ့ အလင်းတံခါး အနည်းအများ ဖွင့်ပိတ်- စတာတွေကို ချိန်ဆမနေတော့ဘဲ မြန်မြန်ဆန်ဆန်နဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ ရည်ရွယ်တာပါ။ ဒီအော်တို-ဖိုကပ်စနစ်နဲ့ ရိုက်တဲ့အတွက် ကင်မရာက ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ နီးနီး ဒီပုံသေနည်းနဲ့ ကင်မရာက တွက်ချက်ပြီး ချိန်ဆပေးထားတဲ့အတွက် ရိုက်လိုက်တဲ့ ရုပ်ပုံတိုင်း ဝေး၀ါးမနေတော့ဘူး။
- ဆက်ရန်-
http://ayechanmon.blogspot.com/
♪ Sound Effect ပေါင်းများစွာပါဝင်တဲ့ - Equalizer mp3 Player Volume IAP Unlocked v1.0.1 APK ♫
Posted: 10 Aug 2014 09:36 AM PDT
သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိနားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင်ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့နားထောင်ရတဲ့ သီချင်းအသံကပိုပြီး အရသာရှိပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download Download
...
No comments:
Post a Comment