Saturday, August 30, 2014
မိမိဖုန်းကို စမ်းကြည့်လိုလျှင်
မိမိဖုန်းကို လက်​က​လေး၂ချက်​ပုတ်​ပြီးဖုန်းscreenဖွင့်​ရ​အောင်​လုပ်ပေးနိုင်တဲ့Knockr-v1.5 Apk and Soft Lock Screen v2.2 apk
Posted: 28 Aug 2014 07:30 PM PDT
မိမိတို့ဖုန်းရဲ့screen​လေး​ပေါ်ကိုdouble tapလက်​​ချောင်းထိပ်​​နဲ့နှစ်​ချက်​ပုတ်​​ပေးလိုက်​တာနဲ့ဖုန်းရဲ့screenကိုဖွင့်​​ပေးမယ့်​application​လေးတစ်​ခု
ကိုတင်​​ပေးလိုက်​ပါတယ်​-ဒီapkကိုandroid version 4.1နဲ့အထက်​ရှိတဲ့
ဖုန်း​တွေမှာပဲinstallလုပ်​ပြီးသုံးလို့ရမှာပါ။အခြားအသုံးဝင်
တဲ့featuresများစွာပါဝင်​​ပေးထားတာမို့အသုံးပြုလို့အဆင်​​ပြေ​ကောင်းမွန်​ပါတယ်​။
ပါဝင်​လုပ်​​ဆောင်​နိုင်​မှု​တွေက..........
Double Tap, Swipe Up, Swipe Down, Swipe Left, Swipe Right, Long Press, Up Arrow, Double Up Arrow, Down Arrow, Double Down Arrow, Right Arrow, Left Arrow, Clockwise circle, Double Clockwise Circle, Counter-Clockwise Circle, and Double Counter-Clockwise Circle.
Volume Up button when in Landscape: Pressing the volume up button when the device is in Landscape will automatically open the cameraစတာတွေပေါ့..
ဖုန်းစကရင်​မ်​ကိုhome keyမသုံးပဲအဆင်​​ပြေ​ပြေဖွင့်​နိုင်​ပြီ
ဆို ​တော့သူနဲ့တွဲဖက်​သုံးလို့​ကောင်းမယ့်​"Soft Lock Screen v2.2"ဆိုတဲ့apk​လေးကိုပါတွဲဖက်​ပြီးတင်​​ပေးလိုက်​ပါတယ်​။အဲ့ဒိ​တော့ဖုန်းရဲ့စကရင်​မ်​ကိုပိတ်​ချင်​ရင်​power keyကိုမသုံးပဲနဲ့"Soft LockScreen"ဆိုတဲ့apk​လေးကိုနှိပ်​လိုက်​ရုံနဲ့ပိတ်​​ပေးမှာဖြစ်​ပြီး၊ဖုန်းစကရင်​မ်​ကိုဖွင့်​ချင်​ရင်​​တော့"Knockr v1.5"ဆိုတဲ့apk​လေးကိုအသုံးပြုကာမိမိဖုန်းရဲ့screen​လေးကိုလက်​နဲ့၂ချက်​ ပုတ်​​ပေးလိုက်​တာနဲ့
ဖုန်းစကရင်​မ်​ကိုပွင့်​​ပေး​စေမှာပဲဖြစ်​ပါတယ်​။အဖွင့်​အတွက်​​ကောအပိတ်​အတွက်​ ပါapk၂ခုစလုံးတင်​ပေးလိုက်​ပါတယ်​။apk၂ခုစလုံးကfile size 1MB​တောင်​မရှိပါဘူး။ဒါ့​ကြောင့်​မိမိဖုန်းရဲ့internal
apkက ​တော့ဖုန်းဗားရှင်း4.1နဲ့အထက်​​တွေမှသာအသုံးပြုလို့ရမှာဖြစ်​တာ​ကြောင့်၊မိမိဖုန်းဗားရှင်းနဲ့ချိန်​ညှိပြီးမှသာ​ဒေါင်းလုပ်​ဆွဲယူပါ-
Knockr-v1.5 Apk
Soft Lock Screen  v2.2  apk
facebook user များအတွက်
Fast Pro for Facebook v2.6.4 Apk
Posted: 29 Aug 2014 03:31 AM PDT
မိမိဖုန်းအပေါ်တွင် Facebookအပြုနေကြသော သူများအတွက် အင်တာနက်လိုင်း နှေးကွေးမှုကြောင့်  facebook သုံးရတာ အဆင် မပြေသူတွေအသုံးတည့်မယ်  Fast Pro for Facebook ဆော့ဝဲလ်လေး Update ထွက်လာပြန်ပါပြီ…ဒီဆော့ဝဲလ်လေးက သာမန် facebook ထက် အသုံးပြုရတာ
သိသိသာသာမြန်ဆန်တာကိုတွေ့ရမြှာ
ဖစ်ပါတယ်.. connection မကောင်းတဲ့ နေရာတွေမှာဆို ပိုအသုံးဝင်မှာ အသေအချာပါပဲ….security ပိုင်းအတွက်လည်း လုံးဝ စိတ်ချရဖို့ အာမခံထားပါတယ်.. လက်ရှိအသုံးပြုနေတဲ့ facebook လို features တွေပါဝင်လာမှာဖြစ်ပြီး ကွာသွားတာက  မြန်ဆန်မှုအပိုင်းပဲဖြစ်ပါတယ်…photo tagging, new tablet landscape layout တို့ပါဝင်မှာဖြစ်သလို   နောက်ခံ background ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အရောင် ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Huawei G 610 ဖန်းဝဲဒေါင်းရန်
610 သမားတွေအတွက်
Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware
Posted: 29 Aug 2014 03:54 AM PDT
 Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။
မြန်မာဖုန်း လက်ကွပ်
♪ ဖုန်းခေါ်ဆိုရာမှာ ရောင်စုံမြန်မာ ဂဏန်းလေးတွေနဲ့အရမ်းဆန်းတဲ့ (မြန်မာစတိုင်ကီးပတ်လေးပါ) ♫
Posted: 29 Aug 2014 03:54 AM PDT
ဒီနေ့ကတော့ ဆော့ဝဲလေးတစ်ခုလုပ်ဖြစ်လို့တင်ပေးလိုက့်တယ်နော်..
 ရောင်စုံခေါ်လို့အမည်ပေးထားပါတယ်..အထည်းမှာမြန်မာစတိုင်လေးတွေနဲ့လုပ်ထားပါတယ်..
                       သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဆုတောင်းပါတယ်..
ဒီဆော့ဝဲလေးကိုလုပ်ရင်းနဲ့ညကမိုးတောင်လင်းသွားပါတယ်..တစ်နာရီလောက်ပဲအိပ့်ပီးတော့
အလုပ်ကိုတန်းပြေးရတော့တာပဲ..ခ်ခ်...ကျနော်အဖြစ်ကအဲလိုပဲ ဆော့ဝဲတစ်ခုကိုကလိ့လိုရပီဆိုရင်
သူငယ်ချင်းတွေဆီကိုပဲ ပြန်မျှပေးဖို့စဉ်းစားနေတဲ့သူပါ..အဲဒါကြောင့်ကျနော်လုပ်ပေးထားတဲ့
         ဆော့ဝဲလေးကိုဖုန်းမှာထည်းပီးအသုံးပြုဖြစ်တယ်ဆိုရင်ပဲ ကျနော်ကျေနပ့်လှပါပီ..
        ကျနော်လှလှလေးလုပ်ထားပါတယ်..ပုံမှာမြင်ရတဲ့အတိုင်းပေါ့...အောက်မှာဒေါင်းယူပါ..
       ကြော်ညာလင့်လေးတွေထည်းထားတဲ့အတွက်အရင်ကလို မဟုတ်ပဲအခက်အခဲ့ဖြစ်ခဲ့ရင်
           ခွင့်လွှတ်ပေးပါနော်...ကလစ်ရမဲ့လင့်ကိုကျနော်မြန်မာလိုရေးပေးထားပါတယ်..
Credit to ==> http://www.shwemoenyo.com
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
PC အကြောင်းအတိုအထွာ
Internal PC Hardware အကြောင်း သိထားသမျှ
Posted: 28 Aug 2014 11:33 PM PDT
ကျောင်းမှာ ဆရာက စာသင်ပြီးတိုင်း ပြန်မေးတဲ့အလေ့အကျင့်တစ်ခု ရှိပါတယ်။ ဒါကြောင့် စာပြန်မကြည့်နိုင်ပေမယ့် ဆရာ စာသင်တဲ့အခါ ကျွန်မက အသံသွင်းထားလေ့ရှိပါတယ်။ မနက်ဖြန်လို ကျောင်းတက်ရတော့မယ်ဆိုရင် ဒီနေ့လို သွင်းထားတဲ့အသံဖိုင်ကို ပြန်နားထောင်ပါတယ်။ ဆရာ့ရဲ့ သင်ပြပုံတွေက နှိုင်းယှဉ်ပြီး ရှင်းပြတဲ့အတွက် ကျွန်မတို့လို လူပိန်းတွေ နားလည်သဘော ပေါက်လွယ်ပါတယ်။ ခုလောလောဆယ်တော့ မော်နီတာ လောင်သွားတဲ့အတွက် ကွန်ပျူ တာ အသုံးပြုလို့ မရသေးပါဘူး။ ဒါကြောင့် နားထောင်ပြီးသမျှနဲ့ လေ့လာမိသမျှလေး ပြောကြည့်မယ်လေ။
မိုက်ကရို ပရိုဆက်ဆာ
ခုပြောပြမယ့်အကြောင်းကတော့ မိုက်ကရိုပရိုဆက်ဆာပါ။ မိုက်ကရိုပရိုဆက်ဆာဆိုတာ CPU on a chip CPU လို့ တဲ့ Central Processing Unit တစ်ခုလုံးကို IC တစ်ခုထဲမှာ ထည့်ထားတာကို မိုက်ကရိုပရိုဆက်ဆာလို့ ပြောတာပါ။
CPU ဟာ မိုက်ကရိုကွန်ပျူ တာ တစ်လုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Computer ရဲ့ Brain ပါ။ IBM တွေရဲ့ မိုက်ကရိုပရိုဆက်ဆာတွေကို များသောအားဖြင့် အင်တယ်(Intel) ကုမ္ပဏီက ထုတ်ပါတယ်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံးရဲ့ အလုပ်လုပ်တဲ့နှုန်း အမြန်နှုန်းသည် ကွန်ပျူတာတစ်လုံး၏ အလုပ်လုပ်တဲ့နှုန်းပင် ဖြစ်သည်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံး၏ အမြန်နှုန်းကို 16MHz, 20MHz, 25MHz, 33MHz, 40MHz, 80MHz အဲလိုလေးတွေ ဖော်ပြလေ့ရှိပါတယ်။ ချစ်ပ်ပေါ်မှာ ကြည့်လိုက်ရင်ကို မိုက်ကရိုပရိုဆက်ဆာရဲ့ အမျိုးအစားနဲ့ အမြန်နှုန်းကို သိနိုင်ပါတယ်။ များသောအားဖြင့် ချပ်စ်ပေါ်မှာ ဒီလို အသားတံဆိပ် ရိုက်ထားလေ့ရှိပါတယ်။ 80387 SX-16 ဆိုပြီးပါ။ 80387 က မိုက်ကရိုပရိုဆက်ဆာ အမျိုးအစားပါ။ SX က Internal နဲ့ External အလုပ်လုပ်ပုံ ပြညွှန်းတဲ့ သင်္ကေတပါ။ အဲ နောက်ဆုံးက 16 က အမြန်နှုန်းအညွှန်းပါ။
ကွန်ပျူ တာရဲ့ အလုပ်လုပ်မှုနှုန်းက သိပ်မြန်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ အလုပ်များစွာပြီးလို့ တိုင်းတာရာမှာလည်း တစ်စက္ကန့်ကို အပုံပေါင်းများစွာ ပိုင်းထားသော ယူနစ်များဖြင့် ပိုင်းခြား၍ သုံးပါတယ်။ တစ်စက္ကန့်ကို အပုံတစ်သန်းပုံရင် 1 MegaHertz လို့ဆိုပြီး သန်းထောင်ပေါင်း 1000 အထိပုံရင် 1 GigaHertz လို့ ဆိုနိုင်ပါတယ်။ တစ်စက္ကန့်ကို ၆၆ သန်းပုံတစ်ပုံအထိတော့ ခွဲယူလုပ်ဆောင်တွက်ချက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ROM(Read Only Memory)
Read Only Memory လို့ ခေါ်တဲ့ Memory ကိုလည်း Mother board ပေါ်မှာ တွေ့ရပါတယ်။ Read Only လို့ ပြောတဲ့ နေရာမှာ အဲဒီ IC က ပြန်ဖျက်လို့ မရဘူး။ ပုံမှန်အားဖြင့် Memory တွေက မီးပိတ်လိုက်ရင် ပျောက်သွားမယ်။ ROM ကတော့ အဲဒီလိုမဟုတ်ဘူး။ မီးပိတ်ပေမယ့် ပျောက်မသွားဘူး။ ပြန်ပြင်လို့လည်း မရဘူး။ စက်ဝယ်ကတည်းက ပါလာပြီး ပရိုဂရမ်တွေ အသေရေးထည့်ထားတာ။ ဒါကြောင့် ROM (Read Only Memory) လို့ ခေါ်တာ။ ပုံမှန်အားဖြင့် ပရိုဂရမ်တွေ မပျောက်မပျက်အောင် သိမ်းထားတာမှာ ဘယ်လိုသိမ်းကြသလဲဆိုတော့ floppy disk မှာ ထားတယ်။ Hard disk မှာ ထားတယ်။ Backing Store မှာ ထားတယ်။ တကယ့် လက်တွေ့မှာကျတော့ Backing Store ထဲမှာ အပြင် နောက်ထပ်ထားလို့ရတဲ့ နေရာက ROM မှာ ထားလို့ရတယ်။ ပရိုဂရမ်တွေကို မပျောက်မပျက်အောင် ထားတဲ့နေရာမှာ Read Only Memory က မီးပိတ်ရင်လည်း မပျောက်ဘူး။ ပြန်ဖျက်လို့လည်း မရဘူး။ သူက အဲဒီလို ကန့်သတ်ချက်ရှိပါတယ်။ Run ထားတဲ့ exe ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ROM လို့ ခေါ်တဲ့ နေရာမှာ သိမ်းထားရတာဖြစ်ပါတယ်။ ကွန်ပျူ တာ Mother board ပေါ်မှာ ROM တစ်လုံးပါပါတယ်။ အနည်းဆုံးတစ်လုံးပေါ့။ ကွန်ပျူတာကို မီးစစဖွင့်ခြင်းအချိန်မှာ Memory Testing တို့၊ ဘယ်ကုမ္ပဏီက ထုတ်တာတို့ အဲဒါတွေအားလုံးဟာ ပရိုဂရမ်တွေပါ။ အဲဒါကို ROM ထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ROM ထဲမှာ ဘာပါသလဲဆိုတော့ Basic Input/Output System အဲဒါကို ROM BIOS လို့ ခေါ်ပါတယ်။ ကွန်ပျူတာတစ်လုံး မီးဖွင့်ဖွင့်ချင်း စပြီး အလုပ်လုပ်တဲ့ အခြေခံအကျဆုံး ပရိုဂရမ်ကို Basic Input Output System လို့ ခေါ်ပါတယ်။
IBM ကွန်ပျူ တာအစစ်မှာဆိုရင်တော့ ROM BASIC ဆိုတာ နောက်ထပ် တစ်ခုအနေနဲ့ ပါပါသေးတယ်။ အဲဒီမှာ Basic ဆိုတာ Basic ပရိုဂရမ်ကို ဘာသာပြန်ပေးတဲ့အရာပါ။ ဒီလိုဆိုရင် ကျွန်မတို့ ပရိုဂရမ်အားလုံးကို disk နဲ့ မထားဘဲ ROM နဲ့ ထားရင် မကောင်းဘူးလားလို့ ဆရာက မေးပါတော့တယ်။ မရပါဘူးလို့ပဲ ဖြေလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမအချက်က ROM က ပြင်လို့မရဘူးလေ။ ဒီပရိုဂရမ်တစ်ပုဒ်ထဲ မပြောင်းဘဲသုံးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ပြောင်းမယ်၊ သုံးမယ်ဆိုရင်တော့ disk ထဲ ထားတာ အကောင်းဆုံးပဲ။ disk ထဲ ထားခြင်းဖြင့် ကိုယ့် data သွင်းမယ်။ ရေးမယ်၊ ပြင်မယ်၊ သိမ်းမယ်၊ ရတယ်။ အဲ ROM က မရဘူး။ နောက် ROM BIOS က ဘာသုံးသလဲဆိုရင် Power on Test ကွန်ပျူတာကို ပါဝါစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Memory ကောင်းရဲ့လား၊ ကီးဘုတ် အဆင်ပြေရဲ့လား စတာတွေကို Test လုပ်တာ စစ်တာပါ။ နောက်တစ်ခုက Boot Strapping Boot လုပ်တယ်ဆိုတာက ကွန်ပျူတာကို Starp လုပ်တာပါ။ သဘောတရားပြောရရင်တော့ ROM ဆိုတာ ကြားခံပစ္စည်းတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အကြား အပြန်အလှန် ဆက်သွယ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ ROM ဆိုတာ အင်မတန်အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ROM က IC ရဲ့ နာမည်ဖြစ်ပြီး BIOS က ပရိုဂရမ်ရဲ့နာမည်ဖြစ်ပါတယ်။
ROM မှာ အမျိုးအစားတွေ ခွဲထားသေးတာကို ထပ်ပြီး တွေ့ရပါသေးတယ်။ ROM, PROM, EPROM နဲ့ EEPROM တို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ ရာဇဝင်လေးတွေကတော့ PROM ဆိုတာကတော့ Programmabe ROM ပါ။ ပရိုဂရမ်ရေးထည့်ထားနိုင်တဲ့ ROM တစ်မျိုးပါ။ ဒါပေမယ့် PROM တစ်ခုဟာ ပရိုဂရမ်တစ်ခုကို တစ်ကြိမ်ပဲ ရေးသားအသုံးပြုနိုင်ပါတယ်။
နောက် တစ်ခုဖြစ်တဲ့ EPROM ဆိုတာကတော့ Erasable ROM ပါ။ EPROM တစ်ခုကို အကြိမ်ကြိမ် ဖျက်ပြီး ပရိုဂရမ်တစ်ခုပြီး တစ်ခု ရေးထည့်နိုင်တဲ့ ROM ပါ။ EEPROM ဆိုတဲ့ နောက်ဆုံးတစ်ခုကတော့ Electrically EPROM ပဲ ဖြစ်ပါတယ်။ သူလည်း EPROM လိုပါပဲ။ ပရိုဂရမ်များ ရေးထည့်အသုံးပြုနိုင်တဲ့ ROM ပဲပေါ့။ ရေးရာဖျက်ရာမှာ EPROM က Ultra Violet(UV) Ray ခရမ်းလွန်ရောင်ခြည်နဲ့ ဖျက်ရပါတယ်။ EEPROM ကျတော့ ရိုးရိုး Elerictrical Signal နဲ့ ဖျက်/ရေးလို့ ရပါတယ်။ ကဲ နောက်ထပ်တစ်ခုကတော့
RAM (Randon Access Memory)
နောက်တစ်ခုကတော့ Randon Access Memory အတိုကောက်အားဖြင့် RAM လို့ ခေါ်ပါတယ်။ RAM ဆိုတာက အသုံးပြု သူ User က keyboard ကနေ ရိုက်လိုက်သမျှကို ယာယီသိမ်းဆည်းထားရာ မှတ်ဉာဏ်ကို ခေါ်ပါတယ်။ ယာယီလို့ ထည့်သုံးရတာကတော့ သူက မီးပိတ်လိုက်ရင် ပျောက်သွားပါမယ်။ ဒါကြောင့် ယာယီလို့ သုံးနှုန်းရခြင်း ဖြစ်ပါတယ်။ RAM ဟာ ကွန်ပျူတာတစ်ခုရဲ့ အခြေခံ မှတ်ဉာဏ်ပါ။ RAM ရဲ့ Base Memory ဟာ 640 kb ပါ။ အခြေခံအကျဆုံး 640 ရှိတယ်။ အဲဒီထက်ပိုမယ်ဆိုရင် Extended Memory တိုးချဲသုံးမယ်ဆိုရင် ရပါတယ်။ 486 ဆိုရင် 4 GB အထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက Expanded Memory ဆိုတာ ရှိပါသေးတယ်။ Card တစ်ခုသပ်သပ် ဝယ်ယူရမှာပါ။ သူဆိုရင်တော့ 32MB အထိ သုံးလို့ရပါတယ်။ EMS Card လို့ အတိုကောက် ခေါ်ပါတယ်။ Expended Memory Sepcification ပါ။ RAM ချစ်ပ်များဟာ Mother board ပေါ်မှာပဲ တပ်ဆင်ပါဝင်ပါတယ်။ ဖြုတ်နိုင်တပ်နိုင်ဖို့အတွက် Socket ဆော့ကတ်များ သို့မဟုတ် Pin များ ပါရှိပါတယ်။ စောစောပိုင်းကာလတွေက pintype RAM chip များ ပါတယ်။ နောက်ပိုင်းမှာ Socket type RAM များအဖြစ် ပြောင်းလာပါတယ်။ ကွာတာက Socket type က ဖြုတ်ရ တပ်ရတာ လွယ်ပါတယ်။ RAM chip များဟာ Mother board မှာ ၉ လုံးတစ်တန်း တန်းစီလျက်ရှိနေတတ်ပါတယ်။ အဲဒီအတန်းကိုမှ bank လို့ ခေါ်ပါတယ်။
RAM ချစ်ပ်တစ်လုံးလျှင် 16 kilobit မှ 4 Megabits အထိရှိတတ်ပါတယ်။ RAM မှာလည်း ROM လိုပဲ အမျိုးမျိုးရှိပါသေးတယ်။ DRAM, ERAM နဲ့ SRAM တို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် DRAM နဲ့ SRAM ကို အသုံးများကြပါတယ်။ ဒါတောင် SRAM က ဈေးအလွန်ကြီးတဲ့အတွက် သိပ်မသုံးကြပါဘူး။ DRAM ဆိုတာ Dynamic Ramdon Access Mamory ပါ။ DRAM ကို RAM လို့ပဲ အခေါ်များပါတယ်။ DRAM ပေါ်မှာ ရှိတဲ့ ကိန်းဂဏန်းတွေဟာ ကွန်ပျူ တာအလုပ်လုပ်နေတဲ့ အချိန်မှာသာ သိမ်းထားပြီး ပါဝါဖြတ်လိုက်တာ၊ စက်ပိတ်လိုက်တာနဲ့ လုံးဝမရှိတော့တဲ့ မှတ်ဉာဏ်ပါ။ ပြန်ခေါ်လို့ မရတော့ပါဘူး။ SRAM က Static Random Access Memory ရဲ့ အတိုကောက်ပါ။ SRAM က ပိုမြန်ပါတယ်။ data ကို ထရန်စစ္စတာလေးလုံးနဲ့ သိမ်းတဲ့အတွက် နေရာပိုယူပါတယ်။ ဈေးပိုကြီးပါတယ်။ Cache Memory အဖြစ် သုံးစွဲကြပါတယ်။ နောက် ဆရာက CPU မှာ အပိုင်း နှစ်ပိုင်းခွဲခြားထားပြီး ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာလည်း တစ်ယောက်ခြင်း မေးပါတယ်။ နောက်မှ ဆက်ပြီး အမေးခံရတုန်းက ဖြေတာလေးတွေ ပြောပြပါမယ်။ ခုတော့ ဒီလောက်ပါပဲ။
ref: MMICT
မနောဖြူ လေး
Friday, August 29, 2014
bmw
♪ ဖုန်းခေါ်ဆိုရာမှာ ရောင်စုံမြန်မာ ဂဏန်းလေးတွေနဲ့အရမ်းဆန်းတဲ့ (မြန်မာစတိုင်ကီးပတ်လေးပါ) ♫
Posted: 29 Aug 2014 03:54 AM PDT
ဒီနေ့ကတော့ ဆော့ဝဲလေးတစ်ခုလုပ်ဖြစ်လို့တင်ပေးလိုက့်တယ်နော်..
 ရောင်စုံခေါ်လို့အမည်ပေးထားပါတယ်..အထည်းမှာမြန်မာစတိုင်လေးတွေနဲ့လုပ်ထားပါတယ်..
                       သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဆုတောင်းပါတယ်..
ဒီဆော့ဝဲလေးကိုလုပ်ရင်းနဲ့ညကမိုးတောင်လင်းသွားပါတယ်..တစ်နာရီလောက်ပဲအိပ့်ပီးတော့
အလုပ်ကိုတန်းပြေးရတော့တာပဲ..ခ်ခ်...ကျနော်အဖြစ်ကအဲလိုပဲ ဆော့ဝဲတစ်ခုကိုကလိ့လိုရပီဆိုရင်
သူငယ်ချင်းတွေဆီကိုပဲ ပြန်မျှပေးဖို့စဉ်းစားနေတဲ့သူပါ..အဲဒါကြောင့်ကျနော်လုပ်ပေးထားတဲ့
         ဆော့ဝဲလေးကိုဖုန်းမှာထည်းပီးအသုံးပြုဖြစ်တယ်ဆိုရင်ပဲ ကျနော်ကျေနပ့်လှပါပီ..
        ကျနော်လှလှလေးလုပ်ထားပါတယ်..ပုံမှာမြင်ရတဲ့အတိုင်းပေါ့...အောက်မှာဒေါင်းယူပါ..
       ကြော်ညာလင့်လေးတွေထည်းထားတဲ့အတွက်အရင်ကလို မဟုတ်ပဲအခက်အခဲ့ဖြစ်ခဲ့ရင်
           ခွင့်လွှတ်ပေးပါနော်...ကလစ်ရမဲ့လင့်ကိုကျနော်မြန်မာလိုရေးပေးထားပါတယ်..
Credit to ==> http://www.shwemoenyo.com
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Thursday, August 28, 2014
Wifi Hack APK
Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK
Posted: 28 Aug 2014 03:29 AM PDT
အခုတင်ပေးလိုက်တဲ့ Application လေးကတော့  Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့
ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြော ပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူ
း။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိ ခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
 View bigger - WIBR+ WIfi BRuteforce hack for Android screenshot
Ring Tone အသစ်များ
♪ Eng Ring Tone အသစ် 100 ကျော် - English Ring Tone Selection Part-2 ♫
Posted: 28 Aug 2014 09:32 AM PDT
http://daifirsspit.nm.ru/images/5.jpg
English Ring Tone ပေါင်း 100ကျော်ကိုနောက်ထပ် စုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ June လတုန်း ကလည်း Part-1 ကိုတင်ပေးခဲ့ပြီးပါပြီ။ လူကြိုက်များပြီး Popular Post နေရာမှာ ထိပ်ဆုံးကရပ်တည်နိုင် ခဲ့ပါတယ်။ အခုလည်း Part-2 အနေနဲ့ နောက်ထပ် Ring Tone ပေါင်း 100 ကျော်ကိုထပ်တင်ပေး လိုက်ပါ တယ်ဗျာ။ အခု Ring Tone 100 ကျော်အားလုံးကလည်း လုံးဝ အသစ်တွေချည်းပါဘဲ။ ကိုယ်တိုင်ရှာဖွေ စုဆောင်း ထားတာဖြစ်လို့ တော်တော်များများဆီမှာ မရှိသေးဘူး ဆိုတာ အာမခံ ပါတယ်ဗျာ။ Melody , Music အမျိုး အစားပေါင်းစုံလင်စွာပါဝင်ပါတယ်။ နောက်ထပ် Part 3 ကိုလည်း မကြာမှီ တင်ပေးသွားမှာပါ။ Connection မကောင်းလို့ အပိုင်းတွေခွဲပြီးတင်ပေးနေရတာကို နားလည်ပေးစေချင်ပါ တယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Paper cameraဆန်းဆန်းလေး
ဆန်းသစ်တဲ့ Effect တွေနဲ့ဖန်တီးနိုင်တဲ့ - Paper Camera v4.2.0 Apk (27-Aug) ♫
Posted: 28 Aug 2014 02:43 AM PDT
Paper Camera အသစ်လေးထွက်လာလို့တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို စက္ကူပေါ်မှာရေးဆွဲထားတဲ့ ပန်ချီပုံစံမျိုးလေးဖန်တီးပေးနိုင်ပါတယ်။ အောက်မှာမြင်ရတဲ့ပုံစံအတိုင်းပါပဲ။ ဆန်းသစ်တဲ့ပုံလေးတွေ ဒီဇိုင်း အလန်းလေးတွေဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။ cartoon/sketch/comic book/half tone/noir/ neon စသည်တို့ အပြင်များစွာသော Effects တွေလည်းပါဝင်ပါတယ်။မိမိဓါတ်ပုံရိုက်ပြီးတာနဲ့ stylish cartoon effects တွေ ထဲကမိမိကြိုက်ရာကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10Mb ပဲရှိပါတယ်။Android: 2.1 နှင့်အထပ်မှာအသုံးပြုနိုင်ပါတယ်။
Paper Camera - screenshot thumbnail
Paper Camera - screenshot
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Gmail အကြောင်းသိကောင်းစရာ
အချိန်ကုန်သက်သာစေမယ့် Gmail Tricks သုံးခု
Posted: 28 Aug 2014 01:15 AM PDT
နေ့စဉ်ဝင်လာတဲ့ အီးမေးတွေကို စီမံခန့်ခွဲရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း သတင်းအချက်အလက် ခေတ်ကြီးထဲမှာ အောင်မြင်ဖို့ ဆိုရင်တော့ အီးမေးနဲ့ ဆက်သွယ်ကြရမှာပါ။အီးမေးကို သုံးပြီဆိုရင်တော့ ဆက်သွယ်မှုတွေ ပိုမိုများပြားလာပြီး ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပါ။ တစ်ပြိုင်နက်ထဲမှာ သင့်ရဲ့ အီးမေး ပမာဏဟာ တိုးပွားလာသလို ဝင်လာတဲ့ အီးမေးတွေကို လျှင်မြန်စွာ တုန့်ပြန်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာပါတယ်။
ဒါဟာ မဖြစ်နိုင်တဲ့ နေ့စဉ် အလုပ်တစ်ခုပါ။ဒါဟာ C-level အရာရှိတွေနဲ့ ပိုသက်ဆိုင်ပါတယ်။ AdRollမှ ဝင်ငွေဌာန အရာရှိ Suresh Khannaနဲ့ စကားပြောကြည့်တဲ့အခါမှာ သူက "စီမံခန့်ခွဲမှုဟာ ဆုံးဖြတ်ချက်ချရတာပါ။ အလုပ်တွေလုပ်ရတာ မဟုတ်ပါဘူး။ အလုပ်တွေ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့ စီမံခန့်ခွဲရတာပါ။
လက်အောက်ငယ်သားတွေရဲ့ အသံတွေကို နားထောင်ဖို့နဲ့ အားလုံးကို တစ်ညီတစ်ညာတည်း အလုပ်လုပ်စေဖို့ လိုပါတယ်။ စီမံခန့်ခွဲတာတွေကို အီးမေးကနေ ပြုလုပ်မယ်ဆိုရင် အီးမေးတွေကို ကျင်လယ်စွာ ပေးပို့ရယူနိုင်ဖို့နဲ့ တစ်ဆင့်ပြန်ပေးပို့ရတဲ့ အလုပ်တွေပါဝင်လာပါတယ်။" လို့ ပြောပါတယ်။အီးမေးတွေထဲမှာ Gmail ကို အသုံးပြုမှု အများဆုံး ဖြစ်တဲ့အတွက် သင့်ရဲ့ အဖိုးတန်အချိန်တွေကို သက်သာစေမယ့် Gmail နည်းလမ်းသုံးခုကို တင်ပြလိုက်ပါတယ်။
၁။ သင်ကြည့်ချင်တာတွေကို ထိပ်ဆုံးမှာ မြင်ရမယ့် One-Page Inbox Viewကို သုံးပါ။ Gmail မှာ Priority Inbox ဆိုတဲ့ Optionတစ်ခုပါရှိပါတယ်။ အဲဒါကိုသုံးရင် Important and Unread အီးမေးများကို ထိပ်ဆုံးမှာ ပြပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ Starredနဲ့ Everything Else ဆိုတဲ့ ကဏ္ဍဍတွေကို အသီးသီး ဖော်ပြပေးမှာပါ။
1
အောက်မှာ ပြထားတဲ့ ပုံမှာလိုပဲ ကဏ္ဍဍတစ်ခုရဲ့ ညာဘက်မှ Drop Down Iconကို နှိပ်ပြီး More Optionsကို သွားရင် သီးခြား Labelတစ်ခုကိုသာ ပြသပေးအောင် ရွေးချယ်နိုင်ပါတယ်။
2
သင်ဟာ အရေးကြီး အီးမေးတွေကို Labelများနဲ့ ခွဲခြားထားတယ်ဆိုရင် ဒါဟာ အလွန်ကောင်းတဲ့ ရွေးချယ်နိုင်မှု စွမ်းဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Priority Inboxကို သုံးရင် ပြဿ     နာနှစ်ခုကို တွေ့ရပါမယ်။
ပထမတစ်ခုက Labelတစ်ခုကို ရွေးချယ်တဲ့အခါမှာ ဖတ်ပြီးသားအီးမေးတွေကိုပါ ကဏ္ဍဍမှာ ပြသပေးတာပါ။ ဒါဟာ Inboxကို ရှုပ်ထွေးမှုမရှိအောင် ပြုလုပ်နေတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ဆန့်ကျင်နေပါတယ်။
ဒုတိယတစ်ခုက Priority Inboxမှာ Labelနှစ်ခုသာ အသုံးပြုလို့ရတာပါ။ နောက်ထပ် Labelတစ်ခုထပ်အသုံးပြုဖို့ Drop Down Arrowမှ Add Sectionကို နှိပ်ရင် Remove Sectionဆိုတာသာ ပေါ်လာမှာဖြစ်ပါတယ်။
အဲဒီပြဿ     နာနှစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ ပထမပြဿ     နာကို ဖြေရှင်းဖို့အတွက် More Optionsကို နှိပ်ပြီး Label Textနေရာမှာ Left Clickမနှိပ်ဘဲ Right Clickနှိပ်ပြီး Chrome Browserမှာ ဆိုရင် Inspect the elementကို နှိပ်ပါ။ Source Codeတွေပေါ်လာရင် Label Nameရဲ့ အရှေ့မှာ "^u"ကို ထည့်ပေးပါ။ ပြီးရင် Labelကို Left Clickနှိပ်ရင် အဲဒီ Labelမှာ မဖတ်ရသေးတဲ့ အီးမေးတွေကိုသာ ပြသပေးမှာပါ။
ဒီနည်းလမ်းရဲ့ ကောင်းမွန်တဲ့အချက်က တစ်ခါသာ ဒီလိုပြုလုပ်ပေးဖို့လိုပါတယ်။ အခြား ကွန်ပျူတာတွေကနေ မတူညီတဲ့ ဘရောက်စာတွေကို သုံးရင်တောင် ဒီပြောင်းလဲမှုက အသက်ဝင်နေပါတယ်။
ဒုတိယပြဿ     နာကို ဖြေရှင်းဖို့အတွက် Remove Sectionမှ Inspect elementကို နှိပ်ပါ။ ကုဒ်တွေထဲမှာ act="z"ကို act="n"လို့ ပြောင်းပေးပါ။ အောက်မှာ ပြထားတဲ့ပုံမှာလို ပြောင်းရမှာပါ။ ပြီးရင် Remove Sectionကို နှိပ်ရင် နောက်ထပ် ကဏ္ဍဍတစ်ခုကို ပြုလုပ်နိုင်ပါပြီ။
ဒီပြောင်းလဲမှုကလည်း Unread နည်းလမ်းလိုပဲ အခြားကွန်ပျူ တာတွေမှာတောင် အကျိုးသက်ရောက်စေပါတယ်။
ref: http://ict.com.mm
ဂိမ်းကောင်းကောင်းဆော့ချင်သူများအတွက်
♪ The Amazing Spider-Man 2 v1.2.0m Apk [Offline] 26-Aug ♫
Posted: 27 Aug 2014 11:17 PM PDT
The Amazing Spider-Man 2 Apk
Gamer များတွက် The Amazing Spider Man -2 ကတော့ Version အသစ်ထွက်လာပါပြီဗျာ။ Spider Man Game ကတော့ နာမည်ကြီးပြီးသား Game တစ်ခုဖြစ်လို့ ဘော်ဒါတွေနဲ့ရင်းနှီးထားပြီးသား ဖြစ်မှာပါ။ ဇတ်လမ်း ဇတ်ကွက်တွေနဲ့ ကစားရမှာဖြစ်ပြီး အဆင့်တွေအများကြီး ကိုကျော်ဖြတ်ရမှာပါ။ Game ရဲ့ Resolution နဲ့ Audio ပိုင်းကလည်း အဆင့်မှီပါတယ်။ Download ဆွဲရာမှာအဆင်ပြေအောင် APK နဲ့ Data ကိုခွဲထားပေးပါ တယ်။ Install လုပ်ပုံလုပ်နည်းကိုလည်းအောက်မှာ တဆင့်ချင်းရှင်းပြပေးထားပါတယ်ဗျာ။ Game ရဲ့ နမူနာ ပုံစံကိုကြည့်နိုင်အောင် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0 နှင့်အထက် ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။
Instructions:
  • Install APK
  • Copy 'com.gameloft.android.ANMP.GloftASHM' folder to 'sdcard/Android/obb/'
  • Launch the game (Run online @ 1st time to restore your game progress)
The Amazing Spider-Man 2 - screenshot
The Amazing Spider-Man 2 - screenshot
The Amazing Spider-Man 2 - screenshot
The Amazing Spider-Man 2 - screenshot
The Amazing Spider-Man 2 - screenshot
The Amazing Spider-Man 2 - screenshot
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
လေ့လာစရာ အတိုအထွာ
Window 8 / 8.1 တွေမှာ hibernate option ဖော်ကြည့်ရအောင်
Posted: 27 Aug 2014 12:20 PM PDT
Hibernate ဆိုတာ ကွန်ပြူတာ ပိတ်တာပါပဲ လို့တော့ပြောလို့မရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူကကွန်ပြူတာ မှာ လက်ငင်းလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးကို သိမ်းလိုက်ပါတယ် နောက်တစ်ခါ ကွန်ပြူတာကို ပြန်ဖွင့်လိုက်တဲ့ အခါမှာ ထပ်ပြီးတော့ ဖွင့်စရာ မလိုပဲနှင့် ဖွင့်လိုက်တာနှင့် ဆက်လုပ်လို့ရအောင် လုပ်ဆောင်ပေးပါတယ်။
ကွန်ပြူတာကို ကိစ္စ တစ်ခုကြောင့် ပိတ်ချင်ရင် Sleep လုပ်ကြပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သုံးတဲ့ ဆော့လ်ဝဲတွေကို နောက်တစ်ခါ ဖွင့်စရာ မလိုတော့တာမို့လို့ပါ ၊ အဲ့လိုပါပဲ ခက်ကြာကြာပိတ်ထားချင်တယ် ဒါပေမယ့် နောက်တစ်ခါ ဆော့လ်ဝဲတွေ ထပ် မဖွင့်ချင်ရင် Hibernate လုပ်ပါတယ် ၊ နောက်တစ်ခုလည်း သုံးကြပါတယ် ဘာလဲဆိုတော့ Windows တက်တဲ့ အချိန်ကို ကြာကြာ မစောင့်နိုင်ရင် သုံးပါတယ် ၊သူက လက်ရှိလုပ်နေတဲ့ အလုပ်တွေကို လုံးဝ ပိတ်မပြစ်တဲ့ ခဏ သိမ်းထားတာဖြစ်တဲ့ အတွက် ပုံမှန် Shutdown ချပြီး Windows တက်တာထက် Hibernate လုပ်ပြီး Windows တက်တာက ပိုပြီးတော့ မြန်ပါတယ်၊
Windows8 မှာတော့ Hibernate Option ကို ဖြုတ်ထားပါတယ် ဒါကလည်းအကြောင်းရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ Windows 8 ကို Shutdown ချလိုက်ရင် Windows7 မှာလို လုံးဝ မပိတ်သွားပါဘူး Hibernate မကျ Shutdown မက လို့ပြောရမှာပါ Hybrid Shutdownပါ  အဲ့တာမိုလို့ Windows 8 မှာ ကွန်ပြူတာ ဖွင့်တာ အရင် Windows တွေထက်ပိုပြီးတော့ မြန်တာကို တွေ့မှာ ဖြစ်ပါတယ်။ အဲ့တာမိုလို့ Hibernate Option ကို ဖြောက်ထားတယ် ထင်ပါတယ်။ 
ဘယ်လိုပြန်ဖော်မလဲ ?
============
1) Win+R=>powercfg.cpl
2) Click => Choose what the power buttons do
3) Click => Change settings that are currently unavailable
4) Check Hibernate
root
Sony Xperia အမြင့်ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ Easy Root Tool
Posted: 27 Aug 2014 10:13 AM PDT
ဒီ Tool လေးရဲ့ အသုံးပြုနိုင်စွမ်းက တကယ်ကိုကောင်းမွန်လှပါတယ် Sony Xperia အမြင့်ဖုန်းတော်တော် များများကို Root ရပါတယ် ကျွန်တော် စမ်းထားတာတော့Xperia Z1  C 6903 4.4.4  , Xperia Z Ultra C6833 4.4.2, 4.4.4  , Xperia Z2 C6503 4.4.2၃လုံးမှာ စမ်းပြီးပါပြီ အကုန်လုံး Bootloader Unlock လုပ်စရာမလိုပါဘူးမြန်လဲမြန်ဆန်ပါတယ်အသုံးပြုနည်းကို ပြန်လည်ပြောပါ့မယ်။
အရင်​ဦးဆုံးဒီTool​လေးကို​ဒေါင်းလုပ်​ဆွဲလိုက်​ပါ။
ဒေါင်းလုပ်​ဆွဲပြီးရင်​​တော့
Down ရလာတဲ့ zip ဖိုင်ကို desktop ပေါ်မှာဖြည်လိုက်ပါ Computer ကို အင်တာနက်ချိတ်ထားပါinstall ဆိုသော bat file ကို run လိုက်ပါလိုအပ်တဲ့ Towel root apk ကို download ဆွဲပါလိမ့်မယ် ခဏစောင့်ပေးပါပြီးလျှင် ကွန်ပြုတာနှင့်ဖုန်းကို ချိတ်ပေးလိုက်ပါဖုန်းမှာ usb debugging တို့ unknow sources တို့ဖွင့်ထားပါ ဖုန်းနှင့်ကွန်ပြုတာ ကိုကြိုးချိတ်လိုက်ရင် လိုအပ်တဲ့ဖိုင်များကို အလို အလျောက် သွင်းပေးသွားမှာပါCleaning up ဆိုတဲ့ စာသားပေါ်လာရင် ကြိုးဖြုတ်လိုက်ပါ  ဒါဆို Root ရပါပြီSuper user တော့ပေါ်မှာမဟုတ်ပါဘူး SuperSu version အမြင့် တခုခု ထည့်ပေးလိုက်ပါဒါဆိုရင် သင့်ဖုန်းမှာ Root Access ရရှိနေပါပြီXperia အမြင့်ဖုန်းတော်တော်များများ အဆင်ပြေပါတယ် အချိန်ကုန်လည်းသက်သာပါတယ်Mobile Service သမားတွေဆောင်ထားသင့်တဲ့ tool ကောင်းလေးဖြစ်ပါတယ်
www.winhlaing.org
သိမှတ်စရာ
Android နဲ့ Window ဖုန်း ဘယ်ဟာကိုရွေးကြမလဲ??
Posted: 27 Aug 2014 10:39 AM PDT
Android နဲ့ Windows ဖုန်းတွေဟာယနေ့ နာမည်ကြီး OS ဖုန်းတွေဖြစ်ကြပြီး အမျိုးမျိုးသော phone tablet တွေ
မှာ လည်ပတ်မောင်နှင်လျှက်ရှိကြပါတယ်.. OS တွေထုတ်တဲ့ company တွေဖြစ်ကြတဲ့ Google inc နဲ့ microsoft တို့ကလည်း ၄င်းတို့ရဲ့ OS တွေကို အသစ်အသစ်သော features တွေနဲ့ user တွေကို ဆွဲဆောင်
လျှက်ရှိကြပါတယ်။ ဒီပို့စ်မှာတော့  Android နဲ့ Window ဖုန်းခြားနားချက်အချို့ကိုတင်ပြသွားမှာဖြစ်ပါတယ်
Operating System (OS)
Android ကတော့ Open source ဖြစ်ပြီး သက်ဆိုင်ရာ ထုတ်လုပ်သူတွေက ကိုယ်ပိုင် style တွေနဲ့ ထုတ်လုပ်
ကြပါတယ်။ မိုက်ခရိုဆော့ရဲ့ Window ကတော့ close source ဖြစ်ပြီး မိုက်ခရိုဆော့ နဲ့ developer တွေမှ control လုပ်ပါတယ်.
Android and windows phone UI comparison
User Interface (UI)
.အဓိကခြားနားသွားတာကတော့ Interface ပဲဖြစ်ပါတယ်။ Android မှာ home screen ပေါင်းများစွာပါဝင်ပြီး
မိမိစိတ်ကြိုက်တွေနဲ့ Wiget တွေနဲ့အလှဆင် နိုင်ပါတယ်။ Window phone မှာတော့ နာမည်ကျော် LIVE Tiles စတိုင်နဲ့ Single home screen တစ်ခုနဲ့တွေ့နိုင်ပါတယ်။
Handsets
ဟန်းဆက် တွေမှာတော့ Android ဖုန်းတွေက အခြားဖုန်းတွေထက် အသာစီးမှာရှိပါတယ်။ အဓိကကတော့
Open Source ဖြစ်တာကြောင့်ပါ။ ယနေ့ ဖုန်းထုတ်တဲ့ Samsung,LG ,Motorola,HTC,Huawei စတဲ့ company တွေဟာ အများဆုံး Android ဖုန်းတွေကိုထုတ်လုပ်ကြပါတယ်။(နောက်ပိုင်း Samsung က ကိုယ်ပိုင်OS ဖြစ်တဲ့ Tizen နဲ့ လည်းထုတ်လုပ်လာပါတယ်)
Apps
App တွေမှာလည်း Android လောက်များတဲ့ app တွေ အခြား OS တွေမှာမရနိုင်ပါဘူး။ Android appတွေ မီလီယံချီရှိနေချိန်မှာ  Window အတွက်တော့ 160,000 ကျော်ပဲရှိသေးတယ်လို့သိရပါတယ်။ (ဟိုတလောက 25000 တိုးလာတယ်လို့သိရပါတယ်။)Apps ရေးသားတဲ့ developer အရေအတွက်မှာလည်း android develper တွေက ထိပ်ဆုံးကရှိမယ်ထင်ပါတယ်။
Security
လှုံခြုံမှုအပိုင်းမှာတော့ Window ဖုန်းက Android ထက်သာပါတယ်။ Window ဖုန်းတွေမှာ unknown sources က app တွေကို install လုပ်ခွင့်ပေးမထားပါဘူး။ သူ့ App store မှ app များကိုသာ install ခွင့်ပေးထားတာပါ။
(cracking နည်းပညာနဲ့တော့ မိမိဘာသာတင်နိုင်တာပေါ့နော်။သူတို့ပေါ်လစီအရပြောတာပါ)AndroId မှာတော့ main store ဖြစ်တဲ့ Play store မှအပြင် အခြား cracking app တွေ အပြင် developer တွေ ရေးသားတဲ့
app များကိုမိမိစိတ်ကြိုက် တင်နိုင်ပါတယ်။OS မှတရားဝင် ခွင့်ပြုထားတာကိုဆိုလိုတာပါ။ အဲသလို တင်ခြင်းမှလည်း viruses or malware အန္တရယ်တွေပေါ်လာနိုင်ပါတယ်။
Conclusion
ဘယ်အရာမှာပဲနေနေ အားသာချက်အားနည်းချက်တွေကတော့ရှိနေမှာပဲဖြစ်ပါတယ်။သင်ကသာ Customization ကို ကြိုက်နှစ်သက်သူဖြစ်ပါက Android ဖုန်းတွေကိုပဲရွေးသင့်ပါတယ်။။။ကျန်တဲ့ OS တွေမှာ android လောက် customize လုပ်နိုင်မှာမဟုတ်လို့ပါ။ Security အတွက် Secure ဖြစ်လိုရင်တော့ Window ဖုန်းကိုရွေးသင့်ပါကြောင်း။။။
Writen by Hanwailinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
Wednesday, August 27, 2014
Tube mate
♪ Video နဲ့ Music တွေကို ဖုန်းနဲ့လွယ်ကူစွာဒါင်းယူပေးနိုင်တဲ့ - TubeMate YouTube Downloader v2.2.4 Apk ♫
Posted: 26 Aug 2014 02:30 AM PDT
http://screenshots.en.sftcdn.net/blog/en/2012/10/tubemate-header-664x374.jpg
အခုခေတ်က Android ခေတ်ဆိုတော့ အသုံးတည့်နိုင်မယ့် Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ် ဗျာ။ ဖုန်းနဲ့ Internet ထဲမှာ Video တွေ သီချင်းတွေကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်သင့်တော်ပါတယ် ဗျာ။ ခေါင်းစဉ်မှာတော့ YouTube လို့ရေးထားပေမယ့် အချို့သောဆိုဒ်တွေက Video နဲ့ သီချင်းတွေ ကိုလည်း ဖုန်းနဲ့ဒေါင်းယူနိုင်ပါတယ်။YouTube ဆိုရင်တော့အဆင်ပြေဆုံးဖြစ်မှာပါ။ အသုံးပြုပုံကလည်း လွယ်ပါတယ်။  Application လေးကို Install လုပ်ပြီး လိုချင်တဲ့ သီချင်း ဒါမှမဟုတ် Video ကို ရှာလိုက် ပါ။ တွေ့ပြီဆိုရင်ဖွင့် လိုက်တာနဲ့ Download or Watch ဆိုပြီး မေးပါလိမ့်မယ့်။ ကြည့်ရုံဘဲဆိုရင်တော့ Watch ပေါ့ဗျာ။သိမ်း ထားချင်လို့ ဒေါင်းယူမယ်ဆိုရင်တော့ Download ကိုနှိပ်ပြီး ဒေါင်းရုံပါဘဲ။ ဒါဆိုရင် Internet ပေါ်က သီချင်း  / Video တွေဟာ မိမိဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်။
http://taigameandroids.com/wp-content/uploads/2013/12/tai-phan-mem-tubemate.jpg
http://cdn7.staztic.com/app/a/645/645619/downloader-youtube-tubemate-478619-3-s-307x512.jpg      http://images.mobilism.org/?dm=RJ3R
http://cdn7.staztic.com/app/a/682/682775/tubemate-youtube-downloader-157831-4-s-307x512.jpg
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
game
ရုပ်ရှင်းကားထဲကလိုသေနပ်ပစ်ကစားမယ့် Redeemer: Mayhem v1.0 APK
Posted: 26 Aug 2014 02:45 AM PDT
ဂိမ်းဘော်တော်တွေကိုအတွက်ဒီကတော
့ တော်တော်အမိုက်စားလေးဖြစ်ပါတယ်ဗျာ။ ဘာဖြစ်လိုဆိုတော့ ကျနော်ကိုယ်တိုင်ကသဘောကျလိုဗျာ။ ကျနော် ဒီဂိမ်း၏ ဇာတ်ကားကိုကြည့်တုန်းက ဇာတ်ကိုအရမ်းကြိုက်
သွားပါတယ်။ သေနပ်ပစ်တယ်ပုံစံတွေကလေး action ကျကျ ဇာတ်ကောင်းကျကျ သရုပ်ဆောင်းထား
တဲ့ ဇာတ်ကားမို့လိုကျနော်အရမ်းကြိုက်သွားတာပါ။ ဒီတခါဆိုရင်လည်း ဂိမ်းကို ကစားလိုက်တာနဲ့အရမ်းကစားလိုကောင်းတာကိုတွေရှိရပါတယ်ဗျာ။ ဂိမ်းဘော်တော်တို့အတွက် အသစ်ထွက်ရှိလာတဲ့ ဂိမ်းအမိုက်စားလေး ဖြစ်တဲ့Redeemer: Mayhem ရှိသော game မိုက်မိုက်လေးတင်ပေးလိုက်ပါတယ်ဗျာ။
 ဖိုင်ဆိုဒ်က  44.36 MB ရှိပြီး Android : 3.3 နှင့်အထက်ဖုန်းတွေမှာကစားနိုင်ပါတယ် ။
Redeemer: Mayhem - screenshot
Redeemer: Mayhem - screenshot
Redeemer: Mayhem - screenshot
Redeemer: Mayhem - screenshot